Blogger Widgets

Saturday, January 19, 2013

Reset Window Administrator Account Password.iso

မင်္ဂလာပါဗျာ...ဒါလေးကတော့ User Account တွေရဲ့ Password တွေကို ဖျက်ပေးတဲ့ iso လေးပါ...ဆော့ဝဲလ်တော့ ဆော့ဝဲလ်ပဲခင်ဗျ....ဒါပေမယ့် ပေးထားတဲ့ iso ဖိုင်လေးကို အခွေဖြစ်အောင်အရင် Burn ရဦးမှာ...
သူ့သုံးပုံက ဒေါင်းလုပ်ထဲမှာပေးထားတဲ့ iso လေးကို CD ဖြစ်ဖြစ်၊ DVD ဖြစ်ဖြစ်အခွေလွတ်တစ်ခွေနဲ့ အရင် Burn လိုက်ပါ...အထဲမှာ Key ဖိုင်ကို Notepad လေးနဲ့ရေးထားတယ်...
အဲဒီထဲက Name နဲ့ Key ကိုစာရွက်အလွတ်တစ်ခုပေါ်မှာ ကူးထားလိုက်ပါ...မမေ့နဲ့နော်...ပြီးရင်ခုန Burn ထားတဲ့ခွေကိုထည့်ပြီး ကွန်ပျူတာကို Restart ချလိုက်...Window ပြန်မတက်လာခင် Delete သို့မဟုတ်  F2 ကိုနှိပ်ပြီး Boost Setting ကိုသွားပါ...
ပြီးရင် CD/DVD Rom နဲ့ Boost တက်လိုက်ပါ...ခဏလောက်စောင့်ပြီးရင် Reset Window Password Software လေးပေါ်လာပါလိမ့်မယ်...
အဲဒီအခါကျမှ ခုနကကူးထားတဲ့ လိုင်စင်ကီးနဲ့ နာမည်ကို ထည့်လိုက်ပါ...Full Version ဖြစ်မဖြစ် စစ်ပါ...Full Version ဖြစ်မှ Main Administrator Account ရဲ့ Password ကိုဖျက်လို့ရမှာနော်...
Version မရရင်အခြားအကောင့်တွေရဲ့ Password ကိုပဲဖျက်လို့ရမယ်...အဲဒီမှာ မိမိကွန်ပျူတာမှာရှိတဲ့ အကောင့်တွေအားလုံးပေါ်နေပါလိမ့်မယ်...
အဲဒီထဲက မိမိ Password ဖျက်ချင်တဲ့ အကောင့်ကိုရွေးပြီး Reset ကိုနှိပ်လိုက်ရုံပဲ...ပြီးရင်တော့ Restart ချခိုင်းပါလိမ့်မယ်...ဒါဆိုအခွေထုတ်လိုက်ပါတော့....ဝင်းဒိုးပြန်တက်လာတဲ့အခါ ခုနက Password နဲပိတ်ထားတဲ့ Account ကိုကြည့်လိုက်ပါ Password မရှိတော့တာတွေ့ရလိမ့်မယ်...
ဒီလောက်ဆို သဘောပေါက်ကြမှာပါ....လိုချင်ရင် ဒီမှာ ဒေါင်းလိုက်နော်...ဒေါင်း Password  ကတော့ etchan1990 ပါပဲ...
ဒီ iso လေးကို အခွေ Burn ထားပြီးရင် အဲဒီအခွေနဲ့ အခြားဘယ်စက်မှာမဆို သွားသုံးလို့ရတယ်ဗျ...လိုလိုမယ်မယ် Burn ထားတာပိုကောင်းပါတယ်...Key ကိုတော့ အခွေပေါ်မှာ ရေးပြီး မှတ်ထားလိုက်ပေါ့...
ကျွန်တော်တော့ Burn ထားတယ်ဗျ...သုံးလည်းသုံးကြည့်ပြီးပါပြီ...အဆင်ပြေပါတယ်...အားလုံလည်း အဆင်ပြေကြပါစေ....

No comments:

Post a Comment