Blogger Widgets
Showing posts with label Game. Show all posts
Showing posts with label Game. Show all posts

Saturday, March 30, 2013

Feeding Frenzy Game (Portable and Setup)

Free Game လေးတစ်ခုပါ...တစ်ခါခါ တအားပျင်းရင် ဆော့လို့ကောင်းတယ်ဗျ...သူက ငါးလေးတွေလိုက်စားရတာလေ...အစဆုံးကတော့ ငါးအသေးလေးတွေပဲ အရင်စားလို့ရတယ်...ငါးအကြီးတွေတော့ရှောင်ပေါ့...ငါးအသေးလေးတွေလိုက်စားရင်း ကိုယ့်အကောင်ကကြီးလာလို့ရှိရင် ကိုယ့်ထက်သေးတဲ့ ငါးမှန်သမျှ စားလို့ရလာမယ်...တစ်ဆင့်ချင်းပေါ့...နောက်ဆုံးမှာ ကိုယ်ကငါးအကြီးရော၊ အသေးပါစားလို့ရလာပါလိမ့်မယ်...ဆော့ရတာလည်းလွယ်မှလွယ်...Mouse တစ်ခုနဲ့ပဲဆော့ရတာ...Mouse ကနှိပ်စရာမလိုဘူး ရွှေ့ပေးရုံပဲ...စားတာရော၊ ငါးအကောင်အကြီးတွေကိုရှောင်တာရော...Mouse နဲ့ လိုက်ရွှေ့ပေးရုံပါပဲ...ကဲကဲ...ပြောရင်ရှည်နေရော့မယ်....လိုချင်ရင် ဒီမှာ ယူလိုက်ပါတော့နော်...Setup File ကို install လုပ်ပြီး Crack ထဲကဖိုင်တွေကို "C:\Program Files\Feeding Frenzy" Folder ထဲကို ကော်ပီယူပြီး Replace လုပ်ပေးလိုက်ပါ...သူ့ Free ပေးထားတဲ့အတိုင်း သွင်းမယ်ဆိုရင် သူ့ Free ကအကြိမ်ကန့်ထားတယ်ဗျ...Crack ဖိုင်ထဲက File တွေမဖျက်ပဲ Folder အသစ်တစ်ခုထဲမှာ သိမ်းထားပြီး သူ့ .exe လေးဖွင့်ပြီး Portable ပုံစံကစားချင်လည်းရပါတယ်နော်...အဆင်ပြေသလိုသာ သုံးလို့ရအောင် နှစ်ခုလုံးကျွန်တော်ထည့်ပေးထားပါတယ်ဗျာ...ဆိုဒ်ဘယ်လောက်မှ မရှိပါဘူး...ဘယ်စက်နဲ့မဆိုဆော့လို့ရမှာပါ...သူက Free Game လေးပဲကိုးဗျ...ယူပြီး မဆော့ချင်သေးလည်း သိမ်းထားလို့ရတာပေါ့ဗျာနော့....
>>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

Sunday, February 24, 2013

Insaniquarium Game

PC ဂိမ်းလေးပါပဲ...ငါးမွေးတဲ့ ဂိမ်းလေးပေါ့...ကျွန်တော် တအားသဘောကျခဲ့တဲ့ ဂိမ်းလေးပါဗျာ....လိုချင်ရင် ဒီမှာ ယူသွားလို့ ရပါတယ်နော်...
ဒေါင်း Password ကတော့ etchan1990 ပါပဲ...Portable လေးပါ...Install လုပ်စရာမလိုပဲ ရလာတဲ့ RAR လေးထဲက File တွေအကုန်လုံးကို Folder တစ်ခုဆောက်ပြီး Extract လုပ်ထည့်လိုက်ပါ...အဲဒီ Folder ကိုတော့ ကြိုက်တဲ့နေရာမှာ သိမ်းပေါ့...အဲဒီထဲက Insaniquarium.exe ဖိုင်လေးကို Desktop ပေါ်ကို Shortcut ယူပြီး ဖွင့်ကစားရုံပါပဲ...တချို့ Portable ဆိုတာကို မသိသေးသူတွေအတွက်ပါ....ဂိမ်လေးအကြောင်းပြောပြမယ်...ဒီဂိမ်းလေးက ငါးလေးတွေမွေးတဲ့ဂိမ်းလေးပါ...အစဆုံး ငါးလေးတစ်ကောင်ပဲ ပေးထားပြီး အဲဒီငါးလေးကို အစာကျွေးရတယ်....ငါးလေးက အကောင်ကြီးလာရင် ငွေ၊ရွှေ၊စိန် အဆင့်ဆင့် ပေးတယ်...ကိုယ်က အဲဒီ ပိုက်ဆံတွေကိုလည်း လိုက်ကောက်ရမယ်...ဒါမှ ငါးအစာတို့ ငါးတို့ ထပ်ဝယ်နိုင်မယ်လေ...မိနစ်နဲ့ ငါးတွေကိုဖျက်ဆီးမဲ့ ရန်သူလာတယ်...သူ့ကိုလည်း ပြန်တိုက်ခိုက်ရတယ်...ငါးလေးတွေကို ကာကွယ်ဖို့ပေါ့...နောက်ဆုံး ပိုက်ဆံပြည့်ရင် အပေါ်ဆုံး ညာဘက်ထောင့်နားက ဥ ကိုသုံးခါ ဝယ်ရတယ်...ဒါမှ တစ်ခန်းအောင်တယ်...အဲဒီဥ က အခန်းအဆင့်အလိုက် ဈေးကြီးသွားတယ်...ဥ ကဒီဘက်အကွက်တွေက ငါးတွေကို အစဉ်အတိုင်းမဝယ်ရင် ပေါ်မှာ မဟုတ်သေးပါဘူးနော်...အဲဒီဥလေးရရင် ကိုယ့်ကို ကူညီမဲ့ကောင်လေး တစ်ကောင်ရတယ်...တစ်ခန်းကို ကူညီတဲ့ အကောင်လေး သုံးကောင် ခေါ်ထားခွင့်ရှိတယ်...ရန်သူတိုက်ခိုက်ဖို့၊အစာကျွေးဖို့၊ ပိုက်ဆံပေးဖို့ အကောင်တွေကတော့ သူ့လုပ်ဆောင်ချက်နဲ့သူ အမျိုးမျိုးပါပဲ...ဒီအကောင်တွေက တစ်ခန်းအောင်မှ တစ်ကောင်ရတာနော်...ခုနပြောတဲ့ ဥ ကပေါက်လာမှာ...ဒီလောက်ပါပဲ ဆော့ကြည့်ပေါ့...ပျော်စရာကောင်းပါတယ်...ဂိမ်းတစ်ခုလုံးက Mouse နဲ့ပဲဆော့ရတာဆိုတော့ Mouse တော့ကောင်းရမယ်နော်...ဒီဂိမ်းဆော့ပြီးရင်တော့ Mouse တော်တော်နိုင်သွားမယ်ထင်တယ်...ဟဲ...ဟဲ....
>>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

Saturday, February 9, 2013

Red Alert 2 and Yuri's Revenge (Portable Version for PC)

လူကြိုက်များတဲ့ RA2 ဂိမ်းလေးပါ...ကျွန်တော်ကလေးဘဝကတည်းက စိတ်ဝင်စားမိတဲ့ဂိမ်းလေးပေါ့...Portable Version လေးဆိုတော့ install လုပ်စရာမလိုပဲ၊ RAR ကို Extract လုပ်ပြီး Application File လေးကိုရှာဖွင့်ပြီး ဆော့ရုံပါပဲ...
RA2 ဝါသနာရှင်တွေကြိုက်ကြမယ်ထင်ပါတယ်...လိုချင်ရင် ဒီမှာ ဒေါင်းလိုက်ပါဗျာ...Download Password က etchan1990 ပါပဲ...လင့်အဖျက်မခံရခင် လိုချင်သူတွေ အမြန်ဒေါင်းထားလိုက်ကြပါဦး...
Yuri's Revenge လည်းပါတယ်နော်...သူကတော့သဘာဝသိပ်မကျတဲ့ စိတ်ကူးယဉ်စစ်ပွဲတွေလိုပါပဲ...ဆောရီး...ကြိုက်ကြတဲ့သူတွေလည်းရှိမှာပေါ့...လူတစ်ကိုယ် အကြိုက်တစ်မျိုးပါပဲဗျာ...
အခုတော့ နှစ်မျိုးလုံး ပေါင်းပြီးတင်ပေးထားပါတယ်...အကြိုက်နှစ်မျိုးပေါ့...ဟဲ...ဟဲ....Size ကတော့ 303MB ရှိပါတယ်ဗျာ....အဆင်ပြေကြပါစေလို့....Drop box ကနေပဲတင်ပေးထားပါတယ်...လိုချင်ရင် ယူထားကြပေါ့ဗျာ...
>>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

Friday, February 8, 2013

PS2 ဂိမ်းတွေကို PC ပေါ်မှာကစားရအောင်

PS2 ဂိမ်းတွေကိုကွန်ပျူတာပေါ်မှာ ကစားဖို့အတွက် မိမိရဲ့ကွန်ပျူတာဟာ Processor-Dual Core ရှိရပါမယ်...Memory(RAM) ကတော့ XP မှာဆိုရင် 1 G နဲ့ Window7 မှာဆိုရင် 2 G ရှိမှရပါမယ်...
Graphic 256 လောက်လည်းလိုပါလိမ့်မယ်...ဒါတွေရပြီဆိုရင်တော့ ပထမဆုံး "pcsx2-1.0.0-r5350-setup" ကို install လုပ်ပါမယ်...Install ရဲ့နောက်ဆုံးအဆင့်မှာ Bios မှားနေပါတယ်လို့ ပြပါလိမ့်မယ်...ဒေါင်းလုပ်ထဲမှာပါတဲ့ "PlayStation 2 Bios" Zip file ကိုဖြည်လိုက်ပါ Bios တစ်ခုထွက်လာပါလိမ့်မယ်...အဲဒီ Bios ကို အစားထိုးပေးလိုက်ရုံပါပဲ....ဒါဆိုရင် PS2 Game တွေကိုမိမိရဲ့  PC ပေါ်မှာကစားလို့ရပါပြီ...
အခုရှင်းပြတာတွေကို You tube ကနေဗီဒီယိုနဲ့ကြည့်ချင်ရင် ဒီမှာ သွားလိုက်ပါ...အောက်က ဗီဒီယိုမှာလည်းကြည့်လို့ရပါတယ်...
ဆော့ဝဲလ်နဲ့ Bios ကိုတော့ ဒီမှာ ယူလိုက်လို့ရပါတယ်...
PS2 ဂိမ်းတွေဒေါင်းချင်ရင်တော့ ဒီဆိုဒ်မှာ သွားဒေါင်းလိုက်တော့ဗျို့...အားလုံးအဆင်ပြေအောင်တင်ထားပေးပါတယ်...ဒေါင်း Password ကတော့ etchan1990 ပါပဲ...အထဲမှာလည်းဒီအကြောင်းတွေကို ရှင်းပြပေးထားပါသေးတယ်...

>>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

Tuesday, January 8, 2013

Angry Bird Star Wars v1.1.0 (PC)


Angry Birds ချစ်သူများအတွက် ...

Angry Birds Star Wars v1.1.0 ( PC) 

ဂိမ်းလေးပါ...တွေ့လို့ပြန်မထားတာလေးပေါ့...လိုအပ်ရင် ဒီမှာ ယူနော်...
ကိုကြီး Mutual Friends (ပြည်) ဆီကပဲပေါ့...
>>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>