Blogger Widgets
Showing posts with label Other. Show all posts
Showing posts with label Other. Show all posts

Wednesday, March 6, 2013

ကျွန်တော့်အကြိုက် သင်္ကြန် သီချင်းများ စုစည်းမှု

သင်္ကြန်နား နီးလာပြီ...ဟဲဟဲ...ပိုးကမသေဘူး....သင်္ကြန်သီချင်း အသစ်တွေကလဲ မတွေ့ဘူးဗျ...အဲဒီတော့လဲ ဝါသနာအရ ကျွန်တော့်မှာရှိတဲ့ သင်္ကြန်သီချင်းလေးတွေ တင်ပေးလိုက်တယ်နော်...အဟောင်းတွေပေမယ့် ကောင်းမယ်ထင်တာလေးတွေပါပဲ...သင်္ကြန် ဆိုတာ အားလုံးအတွက်ပျော်စရာပွဲလေးပဲ မဟုတ်လား...ပျော်စရာ သီချင်းလေးတွေပဲ စုပေးထားတာပါ...အားလုံး (၄)ခွေ၊ ကျွန်တော့်အကြိုက် စုထားတာက တစ်ခွေ...(၅) ခုပေါင်း RAR လေးကို လိုချင်ရင် ဒီမှာ ယူတော့ဗျို့...ကျွန်တော့်Blogကသီချင်းတင်ဖို့အစီအစဉ်မရှိပေမယ့်ဝါသနာအရပေါ့ဗျာ...ဟဲဟဲ...အော်...သင်္ကြန်...သင်္ကြန်...တစ်နှစ်တောင် ကူးတော့မှာပါလားကွယ်ရို့...ဘာလိုလိုနဲ့ အသက်လည်း တစ်နှစ်ပိုကြီးလာတာပါကလား....ပြန်ငယ်ချင်လိုက်တာနော်...သင်္ကြန်မှာ ကဲရအောင်လို့...ဟဲဟဲ....အော်...ခုတော့....
  • တစ်နှစ်ကူးလို့ 
တန်ခူးရောက်ပြီ
  • ပိုထူးလောက်အောင်
ဘာတွေလုပ်ရ
  • အရူးတစ်ယောက်လို
မူးနောက်နောက်နဲ့
  • ကျွန်တော်လေ... 
အမြဲ နောက်ကောက်ကျ...ဟ...အဟ...

မနေနိုင်မထိုင်နိုင်လို့ ရေးတယ်ပဲမှတ်ပေးကြပါနော်...နောက်တာပါဗျာ...အားလုံး ပျော်စေချင်လို့ပါ....ကျွန်တော့်မိတ်ဆွေတွေအားလုံး နှစ်ကူးမှာ အဆင်ပြေမှုတွေပဲ ကြုံတွေ့ကြပါစေလို့ ဆုလည်းတောင်းပေးလိုက်ပါတယ်နော်....
တစ်ခုပြောချင်ပါတယ်...ဒီဘလော့က သီချင်းအတွက် မဟုတ်တော့ သီချင်းလိုချင်တယ်ဆိုရင် ကိုချမ်း ဆိုတဲ့စာလုံးကို နှိပ်ပြီး သွားလိုက်ပါနော်...အဲဒါလည်းကျွန်တော့်ရဲ့ ဘလော့လေးပါပဲ...အားပေးကြပါဦး...
>>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

Ashampoo Snap v6.0.2

မိမိကွန်ပျူတာရဲ့ Screen ကို ဓါတ်ပုံရိုက်ခြင်း၊ ဗီဒီယိုရိုက်ခြင်းများ ပြုလုပ်နိုင်မဲ့ Software လေးပါ...ကျွန်တော်လက်ရှိသုံးနေတဲ့ Software လေးပေါ့...Window XP,7 အပြင် Window 8 မှာပါသုံးလို့ရပါတယ်တဲ့...ကျွန်တော့် Window က 7 မို့ 8 မှာရမရတော့မသိဘူး...XP မှာတော့ရမှာသေချာပါတယ်...မိမိကွန်ပျူတာရဲ့ Screen ပေါ်မှာ ပေါ်သမျှအားလုံးကို ဓါတ်ပုံရော၊ ဗီဒီယိုပါရိုက်နိုင်ပြီး Edit လည်းပြန်လုပ်နိုင်ပါတယ်...အမြဲသုံးလို့ရအောင် Crack ပါထည့်ပေးထားပါတယ်...Install လုပ်ပြီးရင်တော့ Software Update ကို Setting ထဲဝင်ပြီး ပိတ်ထားပေါ့ဗျာ...အဆင်ပြေမှာပါ...ဒီကောင်လေးက Software ဖွင့်လိုက်ရင် Notification Area Icon တွေနေရာမှာပဲပေါ်နေမှာနော်...ကိုယ်စရိုက်ချင်တဲ့ အခါကျမှ ဓါတ်ပုံလား၊ ဗီဒီယိုလား ရွေးပေးလိုက်ရုံပါပဲ...ကဲ...လိုချင်ရင်တော့ ဒီမှာ ယူလိုက်ပါဗျ...Software ရော၊ Crack ရော၊ Install လုပ်ပုံပါအကုန်ပါတယ်...ဆိုဒ်ကတော့ 30 MB လောက်ပဲရှိပါတယ်...
>>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

Friday, February 8, 2013

ဗေဒင်

မင်္ဂလာပါခင်ဗျာ...တစ်ခါခါ ပျင်လာရင် အပျင်းပြေ ဗေဒင်မေးနိုင်မဲ့ဆော့ဝဲလ်လေးတင်ပေးလိုက်ပါတယ်...
အပျင်းပြေဆိုတဲ့အတွက် အပျော်တမ်း ဆော့ဝဲလ်လေးပါပဲ...ဟောနည်းကတော့ တဲရော့ဟောနည်းနဲ့ပါခင်ဗျာ...ဟဲဟဲ...အပျင်းပြေပေါ့...
လိုချင်ရင် ဒီမှာ ယူလိုက်ကြပါဗျာ...install မလိုဘူးဗျ...ဖွင့်လိုက်ရုံပဲ...ပျော်ဖို့ကောင်းပါတယ်...ဒေါင်းတဲ့နေရာမှာ etchan1990 ကိုထည့်ပြီး Unlock File ကိုနှိပ်ပေးပါဦးနော်...ပျော်စရာဗေဒင်လေးပါပဲ....
>>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

Wednesday, January 23, 2013

နှစ်တစ်ရာ မြန်မာ ပြက္ခဒိန် (100 Year English-Myanmar Calender)

တစ်ခါခါ လိုအပ်လို့ အတိတ်ကနေ့တွေကိုပဲဖြစ်ဖြစ်၊ အနာဂတ်ကို ကြိုပြီးတော့ပဲဖြစ်ဖြစ်၊ နေ့လေးတွေတွက်ရရင် ပြက္ခဒိန်တစ်ခုက အမှန်ပဲလိုအပ်လာပါတယ်....
ကျွန်တော်ဆို ကျွန်တော့်မွေးနေ့ မြန်မာသက္ကရာဇ် မသိလို့ လိုအပ်လာတဲ့အခါ ဒီပြက္ခဒိန်လေးကိုလိုက်ရှာရတယ်လေ...တွေ့တော့တွေ့ပါရဲ့...ဒေါင်းမရတာနဲ့...လင့်တွေသေနေတာနဲ့....
စိတ်ကိုရှုပ်ရပါလေရော...ဒီကောင်လေးကလည်း ဘာမှတော့မဟုတ်ပေမယ့် တကယ်အသုံးလိုချိန်မှာ အသုံးအဝင်ဆုံးပါပဲ...
အခုလိုအပ်မယ်သူတွေ ယူနိုင်အောင် ဒီမှာ ပြန်တင်ပေးထားပါတယ်...ဒီပြက္ခဒိန်လေးက အင်္ဂလိပ်ခုနှစ် 1900 ကနေ 2019အထိရယ်၊မြန်မာသက္ကရာဇ်  ၁၂၆၂ ကနေ ၁၃၈၁ အထိပါတယ်...အင်္ဂလိပ်-မြန်မာ နှစ်မျိုးတည်းပါ...
ဘာမှထွေထွေထူးထူးလုပ်စရာမလိုဘူး...ဒေါင်းလို့ရတဲ့အထဲက Setup ဖိုင်ကို install လုပ်ရုံပဲ...ဒါဆိုပြက္ခဒိန်လေးကို ကြည့်လို့ရပြီ...ဒေါင်း Password ကထုံးစံ etchan1990 ပါပဲ...


>>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

Saturday, January 19, 2013

Icon Changer v3.8 with Serial Key














 ကျွန်တော်တို့ သုံးနေတဲ့ Icon လေးတွေရဲ့ ပုံလေးတွေကို ကြိုက်သလိုပြောင်းလို့ရတဲ့ ဆော့ဝဲလ်လေးပါ...ဒါပေမယ့် မိမိစက်ထဲမှာရှိတဲ့ Icon ရဲ့ပုံလေးတွေကိုပဲ ပြောင်းလို့ရမှာနော်...
ကိုယ့်ဟာကိုယ်တော့ ဒီဆော့ဝဲလ်မှာ ဆွဲလို့မရဘူးဗျ...နောက်မှ ဆွဲလို့ပါရတဲ့ဟာတွေ့ရင်ထပ်ရှာပေးထားပါ့မယ်...Full ဖြစ်စေဖို့အထဲမှာ Serial Key ပါထည့်ထားပေးတယ်...
Icon ပုံလေးတွေ အမျိုးမျိုး ပြင်ချင်ကြသူတွေအတွက် အသုံးတည့်မှာပါ...လိုချင်ရင် ဒီမှာ ဒေါင်းသွားခင်ဗျ...Password ကတော့ထုံးစံ etchan1990 ပါပဲ...သုံးရတာတော့ အဆင်ပြေပါတယ်...




>>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

Memory Card 1 GB to 2 GB Software

ဒါလေးကတော့ 1 GB မမ်မိုရီကဒ်တွေကို 2 GB လုပ်ပေးတဲ့ ဆော့ဝဲလ်လေးပါ....install လုပ်စရာမလိုပါဘူး...
ဆော့ဝဲလ်လေးကို Run လိုက်ရုံပါပဲ...ပြီးရင် မမ်မိုရီကဒ်ကို ကွန်ပျူတာကနေဖြုတ်ခိုင်းလိမ့်မယ်...ဖြုတ်ပြီးပြန်တပ်ကြည့်တဲ့အခါမှာ 2 GB ဖြစ်နေတာတွေ့ရပါလိမ့်မယ်...
အဲ Run ပြီဆိုတာနဲ့ မမ်မိုရီကဒ်ကို Format ချမှာနော်...အထဲမှာ Data တွေထည့်ထားရင် ရွှေ့သိမ်းထားလိုက်ပါဦး...
ဒါမှ Format ချရင်ပါမသွားမှာ...ဒီဆော့ဝဲလ်က 1 GB မမ်မိုရီကဒ်အတွက်ပဲနော်...အခြား မမ်မိုရီကဒ်တွေကိုပြောင်းမရဘူး...
ဥပမာ 2 GB ကို 4 GB ပြောင်းတာတို့၊ ဘာတို့ မရဘူးနော်....လိုချင်ရင် ဒီမှာ ဒေါင်းလိုက်ပါ...ဒေါင်း Password က etchan1990 ပါပဲ...
>>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

Wednesday, January 9, 2013

Advanced Diary 3.6 (Pro)

ဒိုင်ယာရီ ရေးရတာ ဝါသနာပါတဲ့သူတွေအတွက်ပါ...
ဒီဆော့ဝဲလ်လေးက ကွန်ပျူတာထဲကနေ ဒိုင်ယာရီရေးလို့ရအောင်လုပ်ပေးနိုင်ပါတယ်...
ရေးထားသမျှတွေကို နေ့အလိုက် အတိအကျလည်းမှတ်ထားပေးသေးတယ်လေ...
ကိုယ်ရေးထားသမျှကို တခြားလူတွေ မသိစေချင်ရင် ဆော့ဝဲလ်ကို Password နဲ့ပိတ်ထားလို့လည်းရသေးတယ်ဗျ...
အသုံးပြုရလည်းလွယ်ပါတယ်..ကျွန်တော်တော့ ကြိုက်မိတာ အမှန်ပါပဲ...
လိုချင်ရင် ဒီမှာ ဆွဲသွားလိုက်ပါဗျာ...Crack ဖိုင်ရော Key ရောပါတယ်နော်...
အထဲက Read me ဖိုင်မှာ install လုပ်ပုံကိုလည်းရှင်းပြပေးထားပါသေးတယ်...
ဒေါင်းရင် Password က etchan1990 ပဲနော်...
>>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

Tuesday, January 8, 2013

နန်းခင်ဇေယျာ ပုံများ


နန်းခင်ဇေယျာ ရဲ့ ပုံလေးတွေပေါ့... လိုချင်ရင် ဒီမှာ ဒေါင်းလိုက်...ကျွန်တော်လည်းသူများဆီက ဒေါင်းထားတာပါ....တော်တော်တော့ များတယ်...
>>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>