Blogger Widgets

Saturday, March 30, 2013

Ultra ISO Premium Edition v9.3.0.2612 (Serial Key)

အထူးတော့ရှင်းမပြနေတော့ပါဘူးနော်...အခွေ Burn တဲ့ Software လေးပါ...ဒါပေမယ့် .iso ဖိုင်တွေကိုပဲ Burn လို့ရမှာဗျ...ကျွန်တော်ပေးထားတဲ့ Window XP လို iso တွေကို burn လို့ရအောင်ပါ...ဘယ် iso ပဲလာလာပေါ့...တစ်ခါခါ Nero က Version မပြည့်ရင် iso Burn ရခက်တတ်လို့ပါ...လိုချင်ရင် ဒီမှာ ယူဗျာ...CD,DVD နှစ်မျိုးလုံးအတွက် .iso မှန်သမျှ Burn လို့ရမယ်...
>>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

Feeding Frenzy Game (Portable and Setup)

Free Game လေးတစ်ခုပါ...တစ်ခါခါ တအားပျင်းရင် ဆော့လို့ကောင်းတယ်ဗျ...သူက ငါးလေးတွေလိုက်စားရတာလေ...အစဆုံးကတော့ ငါးအသေးလေးတွေပဲ အရင်စားလို့ရတယ်...ငါးအကြီးတွေတော့ရှောင်ပေါ့...ငါးအသေးလေးတွေလိုက်စားရင်း ကိုယ့်အကောင်ကကြီးလာလို့ရှိရင် ကိုယ့်ထက်သေးတဲ့ ငါးမှန်သမျှ စားလို့ရလာမယ်...တစ်ဆင့်ချင်းပေါ့...နောက်ဆုံးမှာ ကိုယ်ကငါးအကြီးရော၊ အသေးပါစားလို့ရလာပါလိမ့်မယ်...ဆော့ရတာလည်းလွယ်မှလွယ်...Mouse တစ်ခုနဲ့ပဲဆော့ရတာ...Mouse ကနှိပ်စရာမလိုဘူး ရွှေ့ပေးရုံပဲ...စားတာရော၊ ငါးအကောင်အကြီးတွေကိုရှောင်တာရော...Mouse နဲ့ လိုက်ရွှေ့ပေးရုံပါပဲ...ကဲကဲ...ပြောရင်ရှည်နေရော့မယ်....လိုချင်ရင် ဒီမှာ ယူလိုက်ပါတော့နော်...Setup File ကို install လုပ်ပြီး Crack ထဲကဖိုင်တွေကို "C:\Program Files\Feeding Frenzy" Folder ထဲကို ကော်ပီယူပြီး Replace လုပ်ပေးလိုက်ပါ...သူ့ Free ပေးထားတဲ့အတိုင်း သွင်းမယ်ဆိုရင် သူ့ Free ကအကြိမ်ကန့်ထားတယ်ဗျ...Crack ဖိုင်ထဲက File တွေမဖျက်ပဲ Folder အသစ်တစ်ခုထဲမှာ သိမ်းထားပြီး သူ့ .exe လေးဖွင့်ပြီး Portable ပုံစံကစားချင်လည်းရပါတယ်နော်...အဆင်ပြေသလိုသာ သုံးလို့ရအောင် နှစ်ခုလုံးကျွန်တော်ထည့်ပေးထားပါတယ်ဗျာ...ဆိုဒ်ဘယ်လောက်မှ မရှိပါဘူး...ဘယ်စက်နဲ့မဆိုဆော့လို့ရမှာပါ...သူက Free Game လေးပဲကိုးဗျ...ယူပြီး မဆော့ချင်သေးလည်း သိမ်းထားလို့ရတာပေါ့ဗျာနော့....
>>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

Saturday, March 16, 2013

Xilisoft DVD Creator v7.1.0 & Super DVD Creator v9.8 (DVD အခွေလုပ်ရန် Software)

DVD အခွေလေးတွေမှာ Title Menu ထိုးတဲ့နေရာမှာ သုံးလို့ရမဲ့ Software လေးနှစ်ခု ကျွန်တော်တင်ပေးပါမယ်...ဒီ Software နှစ်ခုက Title Menu လုပ်လို့ရယုံတင်မက ပါဘူး...DVD ခွေပါတစ်ခါတည်း Burn လို့ရစေပါတယ်...နှစ်ခုလုံးက Keygen နဲ့ပဲဆိုတော့ ဒေါင်းလုပ်ယူတုန်းနဲ့ Install လုပ်နေစဉ် အချိန်တွေမှာတော့ Antivirus ကိုပိတ်ထားမှ ရမယ်နော်...ကဲအခုပေးမဲ့ Software လေးနှစ်ခုက Xilisoft DVD Creator v7.1.0 & Super DVD Creator v9.8 တို့ပါပဲ..ဘယ်ဟာကပိုကောင်းလဲလို့မေးလာရင်တော့ နှစ်ခုလုံးကောင်းတယ်ဗျ လို့ပဲပြောရမှာပါ...ကြိုက်သလိုသာ ယူကြပေါ့....အောက်မှာတော့ တစ်ခုချင်းဆီရဲ့ Keygen သုံးပုံပဲရှင်းပြထားတယ်နော်...Software ကတော့ သုံးရလွယ်ပါတယ်...မသုံးတတ်ဘူးဆိုရင် အောက်ဆုံးမှာ Comment ပေးခဲ့ပါနော်...အသုံးပြုနည်း တင်ပေးပါ့မယ်...ဘေးက Cbox မှာလည်းအော်သွားဦးဗျို့...ဒါမှ ကျွန်တော်အတွက့် ရှေ့ဆက်ဖို့ အားဖြစ်မှာပါ...

Xilisoft DVD Creator v7.1.0

Xilisoft ရဲ့ Product လေးတွေကို ကြိုက်ကြမဲ့ သူတွေအတွက်ပါ...လိုချင်ရင် ဒီမှာ ယူဗျို့..Keygen ရောတစ်ခါတည်း ထည့်ပေးထားတယ်...အောက်ကပုံ ကတော့ သူ့ရဲ့ Keygen ကိုဖွင့်လိုက်ရင် မြင်ရမဲ့ပုံပါပဲ အပ်ါက Config နေရာကို သူ့ကို Install အရင်လုပ်ပြီးမှ C:\Program Files ထဲကသူ့ရဲ့ Confi ဖိုင်ရှိရာကို ဘေးက Browse နဲ့ရွေးပေးရပါမယ်...ပြီးရင် Keygen အောက်ဆုံးက Generate ကိုနှိပ်လိုက်ရင် သူ့အတွက် Serial Key ကျလာပါလိမ့်မယ်...ဒါဆို Full ဖြစ်အောင်လုပ်တတ်ပြီပေါ့နော်....Antivirus နဲ့ Internet ပိတ်ထားဖို့မမေ့နဲ့ဦးနော်...Keygen အဖျက်ခံရမှာ စိုးလို့ပါ....


Super DVD Creator v9.8

Install လုပ်တော့မယ်ဆိုရင် ပထမဆုံး Antivirus နဲ့ Internet ပိတ်ထားဖို့မမေ့နဲ့ဦးနော်...Keygen အဖျက်ခံရမှာ စိုးလို့ပါ....ကဲ...လိုချင်ရင် ဒီမှာ ယူလိုက်လို့ ရပါပြီ ဗျာ...သူ့ Keygen ကတော့ Autorun ပါလိမ့်မယ်... အောက်ကပုံအတိုင်းပေါ့...မိမိကွန်ပျူတာ Name ကို Reg. Name လုပ်ပြီး သူ့ဟာသူ Key ဖန်တီးပေးလိမ့်မယ်....ဒီ Keygen ကအလွယ်ဆုံးလို့ပြောလို့ရမယ်ထင်တယ်...

ထပ်ပြောရရင်တော့ ဒီနှစ်မျိုးလုံးက သူ့ဟာနဲ့ သူတော့ ကောင်းကြပါတယ်...ကိုယ်ကြိုက်ရာကို သုံးပေါ့ဗျာ...အားလုံး အဆင်ပြေမှာပါ...အဲ...Keygen တွေပါနေတော့ လင့်တွေမသေခင် မြန်မြန် ဒေါင်းလိုက်ကြပါဦးနော်...
ချမ်းပြည့် 

>>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

Thursday, March 14, 2013

TUV Player (Sky Net ကိုမြန်မာနိုင်ငံသားများ Online ပေါ်မှကြည့်ရှုနိုင်မည့် Player)

ကြားဖူးထားတာတော့ ကြာပါပြီ...မအားတာနဲ့ မရှာဖြစ်သေးတာ...အခုရှာတော့ လွင်မင်းဗိုလ် (နည်းပညာ) ဆိုဒ်ကနေတွေ့ပါတယ်...ပုံတွေရော သူ့ဆိုဒ်ကနေ မ လာပါတယ်ဗျာ...အကို လွင်မင်းဗိုလ်ကို ကျေးဇူးပါပဲနော်...ကဲ...ဒီ Player လေးက ရပ်ဝေးကမြန်မာနိုင်ငံသားတွေ အင်တာနက်လိုင်းရှိရုံနဲ့ Sky Net Up to date လိုင်းကိုကြည့်ရှုနိုင်မဲ့ Free Player လေးပါ...လိုင်းပေါ်မူတည်ပြီး စောင့်ရင်စောင့်ရမှာတော့ ချွင်းချက်ပေါ့ဗျာ...:P...တခြား TV လိုင်းအတော်များများလည်း ဖမ်းကြည့်လို့ရတယ်နော်...အခုကျွန်တော်ကတော့ Sky Net ဖမ်းတဲ့နည်းကိုပဲပြောပြပေးပါ့မယ်...Player လေးလိုချင်ရင် ဒီမှာ ဒေါင်းလိုက်ပါ...မရဘူးဆိုရင် သူ့မူရင်းဆိုဒ်ကို ဒီနေရာကိုနှိပ်ပြီး သွားလိုက်နော်...ပြီးရင် အရင်ဆုံး Player လေးကို install လုပ်လိုက်ပါနော်...
  • 99221 ကိုအောက်ကပုံရဲ့အနီရောင်မြှားပြထားတဲ့နေရာမှာရိုက်ထည့်လိုက်ပါ...
  • ဘယ်ဘက်ဘေးထောင့်လေးမှာ မြန်မာနိုင်ငံအလံလေးနဲ့ ပေါ်လာတဲ့နေရာကို Click ပြီး Sky Net Up To Date လိုင်းကိုကြည့်နိုင်ပါပြီ...မရှင်းရင်အောက်ကပုံကိုကြည့်နော်...
  • ဒီစာအောက်ကပုံကတော့ ဒီဆော့ဝဲလ်လေးနဲ့ ကြည့်နိုင်မဲ့လိုင်းတွေကို ပြထားတဲ့ပုံပါ...တခြားလိုင်းတွေကတော့ ကိုယ့်ဟာကိုယ်သာ ရှာကြည့်တော့နော်...
ကျွန်တော်တော့ မစမ်းရသေးဘူးဗျ...မအားလို့...:)...အဆင်မပြေဘူးဆိုရင်တော့ အောက်မှာ Comment ပေးပြီးအကြောင်းကြားပေးပါဦးနော်...
>>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

Wednesday, March 6, 2013

ကျွန်တော့်အကြိုက် သင်္ကြန် သီချင်းများ စုစည်းမှု

သင်္ကြန်နား နီးလာပြီ...ဟဲဟဲ...ပိုးကမသေဘူး....သင်္ကြန်သီချင်း အသစ်တွေကလဲ မတွေ့ဘူးဗျ...အဲဒီတော့လဲ ဝါသနာအရ ကျွန်တော့်မှာရှိတဲ့ သင်္ကြန်သီချင်းလေးတွေ တင်ပေးလိုက်တယ်နော်...အဟောင်းတွေပေမယ့် ကောင်းမယ်ထင်တာလေးတွေပါပဲ...သင်္ကြန် ဆိုတာ အားလုံးအတွက်ပျော်စရာပွဲလေးပဲ မဟုတ်လား...ပျော်စရာ သီချင်းလေးတွေပဲ စုပေးထားတာပါ...အားလုံး (၄)ခွေ၊ ကျွန်တော့်အကြိုက် စုထားတာက တစ်ခွေ...(၅) ခုပေါင်း RAR လေးကို လိုချင်ရင် ဒီမှာ ယူတော့ဗျို့...ကျွန်တော့်Blogကသီချင်းတင်ဖို့အစီအစဉ်မရှိပေမယ့်ဝါသနာအရပေါ့ဗျာ...ဟဲဟဲ...အော်...သင်္ကြန်...သင်္ကြန်...တစ်နှစ်တောင် ကူးတော့မှာပါလားကွယ်ရို့...ဘာလိုလိုနဲ့ အသက်လည်း တစ်နှစ်ပိုကြီးလာတာပါကလား....ပြန်ငယ်ချင်လိုက်တာနော်...သင်္ကြန်မှာ ကဲရအောင်လို့...ဟဲဟဲ....အော်...ခုတော့....
  • တစ်နှစ်ကူးလို့ 
တန်ခူးရောက်ပြီ
  • ပိုထူးလောက်အောင်
ဘာတွေလုပ်ရ
  • အရူးတစ်ယောက်လို
မူးနောက်နောက်နဲ့
  • ကျွန်တော်လေ... 
အမြဲ နောက်ကောက်ကျ...ဟ...အဟ...

မနေနိုင်မထိုင်နိုင်လို့ ရေးတယ်ပဲမှတ်ပေးကြပါနော်...နောက်တာပါဗျာ...အားလုံး ပျော်စေချင်လို့ပါ....ကျွန်တော့်မိတ်ဆွေတွေအားလုံး နှစ်ကူးမှာ အဆင်ပြေမှုတွေပဲ ကြုံတွေ့ကြပါစေလို့ ဆုလည်းတောင်းပေးလိုက်ပါတယ်နော်....
တစ်ခုပြောချင်ပါတယ်...ဒီဘလော့က သီချင်းအတွက် မဟုတ်တော့ သီချင်းလိုချင်တယ်ဆိုရင် ကိုချမ်း ဆိုတဲ့စာလုံးကို နှိပ်ပြီး သွားလိုက်ပါနော်...အဲဒါလည်းကျွန်တော့်ရဲ့ ဘလော့လေးပါပဲ...အားပေးကြပါဦး...
>>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

Ashampoo Snap v6.0.2

မိမိကွန်ပျူတာရဲ့ Screen ကို ဓါတ်ပုံရိုက်ခြင်း၊ ဗီဒီယိုရိုက်ခြင်းများ ပြုလုပ်နိုင်မဲ့ Software လေးပါ...ကျွန်တော်လက်ရှိသုံးနေတဲ့ Software လေးပေါ့...Window XP,7 အပြင် Window 8 မှာပါသုံးလို့ရပါတယ်တဲ့...ကျွန်တော့် Window က 7 မို့ 8 မှာရမရတော့မသိဘူး...XP မှာတော့ရမှာသေချာပါတယ်...မိမိကွန်ပျူတာရဲ့ Screen ပေါ်မှာ ပေါ်သမျှအားလုံးကို ဓါတ်ပုံရော၊ ဗီဒီယိုပါရိုက်နိုင်ပြီး Edit လည်းပြန်လုပ်နိုင်ပါတယ်...အမြဲသုံးလို့ရအောင် Crack ပါထည့်ပေးထားပါတယ်...Install လုပ်ပြီးရင်တော့ Software Update ကို Setting ထဲဝင်ပြီး ပိတ်ထားပေါ့ဗျာ...အဆင်ပြေမှာပါ...ဒီကောင်လေးက Software ဖွင့်လိုက်ရင် Notification Area Icon တွေနေရာမှာပဲပေါ်နေမှာနော်...ကိုယ်စရိုက်ချင်တဲ့ အခါကျမှ ဓါတ်ပုံလား၊ ဗီဒီယိုလား ရွေးပေးလိုက်ရုံပါပဲ...ကဲ...လိုချင်ရင်တော့ ဒီမှာ ယူလိုက်ပါဗျ...Software ရော၊ Crack ရော၊ Install လုပ်ပုံပါအကုန်ပါတယ်...ဆိုဒ်ကတော့ 30 MB လောက်ပဲရှိပါတယ်...
>>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

Saturday, March 2, 2013

*.exe Virus ရှင်းနည်း (သို့မဟုတ်) Folder အယောင်ဆောင် Virus File များရှင်းနည်း

တစ်ခါခါ မိမိတို့ကွန်ပျူတာထဲကို Photo.exe တို့ New folder.exe တို့ Music.exe တို့လို .exe ယောင်ဆောင် Virus တွေဝင်လာတတ်ပါတယ်...ဝင်လာတယ်ဆိုတာ အဲဒီဖိုင်တွေကို ဘာမှန်းမသိလိုက်ပဲ သွားဖွင့်လိုက်မိလို့ဗျ...အရင်ဆုံး မိမိမှာရှိတဲ့ Antivirus နဲ့ သတ်လိုက်...ဒါပေမယ့် စက်ထဲမှာကျန်နေတဲ့ အဲလိုဖိုင်မျိုးတွေကို သွားဖွင့်လိုက်မိရင် ပြန်ပြန်ပေါ်လာဦးမှာပါပဲ...ဖျက်လိုက်ရင် မရဘူးလားဆိုတော့ ရတယ်ဗျ...ဒါပေမယ့် ကွန်ပျူတာထဲမှာ ဝင်သွားပြီဆိုရင် သူက သူ့ဟာသူ ကော်ပီတွေပွားပြီး ပြန်ပြန်ပေါ်အောင် လုပ်နေတတ်တယ်...ဘယ်ကပဲ ဝင်လာလာ အသိသာဆုံးကတော့ မိမိစက်မှာ တပ်လိုက်သမျှ USB လို Flash Drive တွေ၊ Memory Card တွေမှာခုနက .exe ဖိုင်တွေပေါ်ပေါ်နေတော့တာပါပဲ...အဲလို မပေါ်စေချင်ဘူး၊ အဲဒီ Virus ကိုရှင်းချင်ရင်တော့ မိမိစက်ထဲက .exe အယောင်ဆောင်တွေအားလုံးကို ရှာပြီးဖျက်ထုတ်ရတော့မှာပါ...တစ်ခုသတိထားရမှာက .exe ဆိုတာ Application File အမျိုးအစားဆိုတော့ တကယ့် Application File တွေကို သွားဖျက်မိရင် ကိုယ့်စက်ထဲက Software တွေအလုပ် လုပ်တော့မှာ မဟုတ်ပါဘူး...တစ်ခုချင်းဆီရှာမယ်ဆိုရင် အရေအတွက်ပေါ်မူတည်ပြီး အချိန်ကြာနိုင်ပါတယ်...အဲဒီတော့ ကျွန်တော်တို့ Window ရဲ့ Search Option ကို သုံးပြီး .exe အယောင်ဆောင်တွေကို ရှာလိုက်ကြရအောင်...
Window XP မှာ .exe Virus ရှာနည်း
ရေးပြနေရင်ကြာနေမှာစိုးလို့ ပုံ (၅) ပုံတင်ပေးထားလိုက်ပါတယ်...OK Virus Cleaner CD ကကူးယူဖော်ပြပေးထားတဲ့ ပုံလေးတွေပါ...ကျွန်တော်ရေးထားတာမဟုတ်ပါဘူးနော်...မရှင်းဘူးဆိုရင် ပုံတွေကို ဒေါင်းသွားလိုက်ပါ...ပုံတွေကို ကြည့်ရရှင်းအောင် Resolution မြှင့်ထားပေးပါတယ်...




Window 7 မှာ .exe Virus ရှာနည်း

ကဲ..ဒီဗီဒီယိုလေးကတော့ ကျွန်တော်ဖန်တီးထားတာပါ...အသံလေးပါထည့်ပေးထားပါတယ်...ဟဲဟဲ...Window 7 Search Box ကနေရှာနည်းပေါ့...ဖျက်နည်းကတော့ အပေါ်က Window XP အတွက်ရှင်းပြထားသလိုပါပဲ...Window 7 နဲ့ XP လုပ်ပုံလုပ်နည်းမကွာပါဘူး...7 ကပိုတောင်လွယ်နေမှာပါ...Search Box နေရာအထားလေးပဲ ကွာမယ်နော်...ကျွန်တော် အကျယ်ရှင်းပြဖို့ မလိုဘူးထင်ပါတယ်နော်...ကျွန်တော် ပုံတွေပြချင်ပေမယ့် အဲဒီ Virus ကကျွန်တော့်စက်ထဲမှာ ရှိမနေဘူး...လိုက်ရှာလို့လည်းမရလို့ပါ...အစဉ်အတိုင်းဖြစ်အောင် ဒီဗီဒီယိုလေးထဲကအတိုင်းရှာပြီးရင် အပေါ်က XP ရဲ့ ပုံ 4 နဲ့ 5 ကိုပြန်ကြည့်လိုက်ပါနော်....ဒီနမူနာတွေထဲမှာ Virus Size 261 KB လို့ပြထားပါတယ်...တစ်ခုသတိထားရမှာက တချို့ Virus တွေက Size တစ်မျိုးဖြစ်နေတတ်ပါတယ်...အဲဒီတော့မိမိရှင်းချင်တဲ့ Virus ရဲ့ Size ကိုသေချာမှတ်ထားစေချင်ပါတယ်...ဒါမှ တခြား .exe File တွေကိုမှားမဖျက်မိမှာပါ...ဒီလောက်ဆို .exe Virusရှင်းလို့ရသွားမယ်ထင်ပါတယ်နော်...လိုအပ်တာလေးတွေရှိရင် အောက်မှာအကြံပေးသွားလို့ရပါတယ်နော်...ကျွန်တော့် Blog ကိုလာလည်ကြတဲ့အတွက် ကျေးဇူးပါပဲနော်...
                                                                 ချမ်းပြည့် (etchan1990.blogspot.com)

>>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>