Blogger Widgets

Saturday, March 30, 2013

Feeding Frenzy Game (Portable and Setup)

Free Game လေးတစ်ခုပါ...တစ်ခါခါ တအားပျင်းရင် ဆော့လို့ကောင်းတယ်ဗျ...သူက ငါးလေးတွေလိုက်စားရတာလေ...အစဆုံးကတော့ ငါးအသေးလေးတွေပဲ အရင်စားလို့ရတယ်...ငါးအကြီးတွေတော့ရှောင်ပေါ့...ငါးအသေးလေးတွေလိုက်စားရင်း ကိုယ့်အကောင်ကကြီးလာလို့ရှိရင် ကိုယ့်ထက်သေးတဲ့ ငါးမှန်သမျှ စားလို့ရလာမယ်...တစ်ဆင့်ချင်းပေါ့...နောက်ဆုံးမှာ ကိုယ်ကငါးအကြီးရော၊ အသေးပါစားလို့ရလာပါလိမ့်မယ်...ဆော့ရတာလည်းလွယ်မှလွယ်...Mouse တစ်ခုနဲ့ပဲဆော့ရတာ...Mouse ကနှိပ်စရာမလိုဘူး ရွှေ့ပေးရုံပဲ...စားတာရော၊ ငါးအကောင်အကြီးတွေကိုရှောင်တာရော...Mouse နဲ့ လိုက်ရွှေ့ပေးရုံပါပဲ...ကဲကဲ...ပြောရင်ရှည်နေရော့မယ်....လိုချင်ရင် ဒီမှာ ယူလိုက်ပါတော့နော်...Setup File ကို install လုပ်ပြီး Crack ထဲကဖိုင်တွေကို "C:\Program Files\Feeding Frenzy" Folder ထဲကို ကော်ပီယူပြီး Replace လုပ်ပေးလိုက်ပါ...သူ့ Free ပေးထားတဲ့အတိုင်း သွင်းမယ်ဆိုရင် သူ့ Free ကအကြိမ်ကန့်ထားတယ်ဗျ...Crack ဖိုင်ထဲက File တွေမဖျက်ပဲ Folder အသစ်တစ်ခုထဲမှာ သိမ်းထားပြီး သူ့ .exe လေးဖွင့်ပြီး Portable ပုံစံကစားချင်လည်းရပါတယ်နော်...အဆင်ပြေသလိုသာ သုံးလို့ရအောင် နှစ်ခုလုံးကျွန်တော်ထည့်ပေးထားပါတယ်ဗျာ...ဆိုဒ်ဘယ်လောက်မှ မရှိပါဘူး...ဘယ်စက်နဲ့မဆိုဆော့လို့ရမှာပါ...သူက Free Game လေးပဲကိုးဗျ...ယူပြီး မဆော့ချင်သေးလည်း သိမ်းထားလို့ရတာပေါ့ဗျာနော့....

No comments:

Post a Comment