Blogger Widgets

Saturday, March 2, 2013

*.exe Virus ရှင်းနည်း (သို့မဟုတ်) Folder အယောင်ဆောင် Virus File များရှင်းနည်း

တစ်ခါခါ မိမိတို့ကွန်ပျူတာထဲကို Photo.exe တို့ New folder.exe တို့ Music.exe တို့လို .exe ယောင်ဆောင် Virus တွေဝင်လာတတ်ပါတယ်...ဝင်လာတယ်ဆိုတာ အဲဒီဖိုင်တွေကို ဘာမှန်းမသိလိုက်ပဲ သွားဖွင့်လိုက်မိလို့ဗျ...အရင်ဆုံး မိမိမှာရှိတဲ့ Antivirus နဲ့ သတ်လိုက်...ဒါပေမယ့် စက်ထဲမှာကျန်နေတဲ့ အဲလိုဖိုင်မျိုးတွေကို သွားဖွင့်လိုက်မိရင် ပြန်ပြန်ပေါ်လာဦးမှာပါပဲ...ဖျက်လိုက်ရင် မရဘူးလားဆိုတော့ ရတယ်ဗျ...ဒါပေမယ့် ကွန်ပျူတာထဲမှာ ဝင်သွားပြီဆိုရင် သူက သူ့ဟာသူ ကော်ပီတွေပွားပြီး ပြန်ပြန်ပေါ်အောင် လုပ်နေတတ်တယ်...ဘယ်ကပဲ ဝင်လာလာ အသိသာဆုံးကတော့ မိမိစက်မှာ တပ်လိုက်သမျှ USB လို Flash Drive တွေ၊ Memory Card တွေမှာခုနက .exe ဖိုင်တွေပေါ်ပေါ်နေတော့တာပါပဲ...အဲလို မပေါ်စေချင်ဘူး၊ အဲဒီ Virus ကိုရှင်းချင်ရင်တော့ မိမိစက်ထဲက .exe အယောင်ဆောင်တွေအားလုံးကို ရှာပြီးဖျက်ထုတ်ရတော့မှာပါ...တစ်ခုသတိထားရမှာက .exe ဆိုတာ Application File အမျိုးအစားဆိုတော့ တကယ့် Application File တွေကို သွားဖျက်မိရင် ကိုယ့်စက်ထဲက Software တွေအလုပ် လုပ်တော့မှာ မဟုတ်ပါဘူး...တစ်ခုချင်းဆီရှာမယ်ဆိုရင် အရေအတွက်ပေါ်မူတည်ပြီး အချိန်ကြာနိုင်ပါတယ်...အဲဒီတော့ ကျွန်တော်တို့ Window ရဲ့ Search Option ကို သုံးပြီး .exe အယောင်ဆောင်တွေကို ရှာလိုက်ကြရအောင်...
Window XP မှာ .exe Virus ရှာနည်း
ရေးပြနေရင်ကြာနေမှာစိုးလို့ ပုံ (၅) ပုံတင်ပေးထားလိုက်ပါတယ်...OK Virus Cleaner CD ကကူးယူဖော်ပြပေးထားတဲ့ ပုံလေးတွေပါ...ကျွန်တော်ရေးထားတာမဟုတ်ပါဘူးနော်...မရှင်းဘူးဆိုရင် ပုံတွေကို ဒေါင်းသွားလိုက်ပါ...ပုံတွေကို ကြည့်ရရှင်းအောင် Resolution မြှင့်ထားပေးပါတယ်...




Window 7 မှာ .exe Virus ရှာနည်း

ကဲ..ဒီဗီဒီယိုလေးကတော့ ကျွန်တော်ဖန်တီးထားတာပါ...အသံလေးပါထည့်ပေးထားပါတယ်...ဟဲဟဲ...Window 7 Search Box ကနေရှာနည်းပေါ့...ဖျက်နည်းကတော့ အပေါ်က Window XP အတွက်ရှင်းပြထားသလိုပါပဲ...Window 7 နဲ့ XP လုပ်ပုံလုပ်နည်းမကွာပါဘူး...7 ကပိုတောင်လွယ်နေမှာပါ...Search Box နေရာအထားလေးပဲ ကွာမယ်နော်...ကျွန်တော် အကျယ်ရှင်းပြဖို့ မလိုဘူးထင်ပါတယ်နော်...ကျွန်တော် ပုံတွေပြချင်ပေမယ့် အဲဒီ Virus ကကျွန်တော့်စက်ထဲမှာ ရှိမနေဘူး...လိုက်ရှာလို့လည်းမရလို့ပါ...အစဉ်အတိုင်းဖြစ်အောင် ဒီဗီဒီယိုလေးထဲကအတိုင်းရှာပြီးရင် အပေါ်က XP ရဲ့ ပုံ 4 နဲ့ 5 ကိုပြန်ကြည့်လိုက်ပါနော်....ဒီနမူနာတွေထဲမှာ Virus Size 261 KB လို့ပြထားပါတယ်...တစ်ခုသတိထားရမှာက တချို့ Virus တွေက Size တစ်မျိုးဖြစ်နေတတ်ပါတယ်...အဲဒီတော့မိမိရှင်းချင်တဲ့ Virus ရဲ့ Size ကိုသေချာမှတ်ထားစေချင်ပါတယ်...ဒါမှ တခြား .exe File တွေကိုမှားမဖျက်မိမှာပါ...ဒီလောက်ဆို .exe Virusရှင်းလို့ရသွားမယ်ထင်ပါတယ်နော်...လိုအပ်တာလေးတွေရှိရင် အောက်မှာအကြံပေးသွားလို့ရပါတယ်နော်...ကျွန်တော့် Blog ကိုလာလည်ကြတဲ့အတွက် ကျေးဇူးပါပဲနော်...
                                                                 ချမ်းပြည့် (etchan1990.blogspot.com)

No comments:

Post a Comment