Blogger Widgets

Wednesday, April 24, 2013

Window 8 Professional (32 bits)

ဝင်းဒိုး 8 ပါတဲ့ဗျာ...ကျွန်တော်တင်တာ မဟုတ်ဘူးနော်...;-P ကိုညီနေမင်း(နည်းပညာ) တင်ပေးတာပါဗျာ....ကဲ ဒီနေရာကိုနှိပ်ပြီး သွားလိုက်...ကိုညီနေမင်းဆီကို ရောက်သွားလိမ့်မယ်...ကီးရော၊ Activator ရောအကုန်ပါတယ်ဗျို့...ကိုညီနေမင်းရေ...ပြန်ဝေမျှမိတဲ့အတွက် ခွင့်လွှတ်နော်...ကျွန်တော့် အကိုလိုလည်းလေးစားလို့ပါ...သူ့လင့်လေးတွေ မသေခင် လိုအပ်သူတွေဒေါင်းထားလိုက်ဦးနော်...
>>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

Saturday, April 20, 2013

RAR Password Unlocker v3.0

တစ်ခါခါ RAR ဖိုင်တွေကို Password ပေးထားရင် ဖွင့်မရတတ်ပါဘူး...ေါးင်းလုပ်ဆွဲတဲ့အခါ RAR အတွက် Password တွေရေးပေးထားပေမယ့် သတိမထားမိလို့ ဒေါင်းလိုက်ပြီးမှ ရလာတဲ့ RAR ကဖွင့်မရတာမျိုး ကျွန်တော်ဆို ခဏခဏကြုံတယ်ဗျ...သူ့ဆိုဒ်ကို ပြန်သွားဖို့ဆိုတာကလည်း ဒေါင်းထားတာတွေကများတော့ ဘယ်ဆိုဒ်ကဘယ်လို ဒေါင်းထားမှန်းမသိ ဖြစ်နေပြန်ရော...အခု အဲဒီလို RAR Password တွေကို ဖျက်ပေးမဲ့ RAR Unlocker လေးတင်ပေးပါမယ်...ကိုမောင်ပေါက်ဆီကနေတဆင့် ပြန်ညွှန်းထားတာပါနော်...ကျွန်တော့်ကွန်ပျူတာ ဖလက်ပြနေလို့ ကျွန်တော်ကိုယ်တိုင် မတင်ပေးလိုက်နိုင်တာကို Sorry ပါနော်...ကွန်ပျူတာလည်း သင်္ကြန်မှာ ပင်ပန်းသွားတယ်ထင်ပ...ဟဲဟဲ...အခုလင့်က ကိုမောင်ပေါက်လင့်ပါ...ကိုမောင်ပေါက်ကို ကျေးဇူးနော်....ဒီ RAR Unlocker လေးက Portable လေးဆိုတော့ ဘယ်စက်ကိုမဆို ယူသွားပြီး သုံးလို့ အဆင်ပြေမှာပါ...လိုချင်ရင် ဒီမှာ ပါဗျာ...RAR  ရဲ့ Password တွေကို Unlock လုပ်ပေးမဲ့ကောင်လေးပေါ့....
>>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

Sony Sound Forge Pro v10.0.

အသံပိုင်းဆိုင်ရာတွေတည်းဖြတ်နိုင်တဲ့ Audio Editor လေးတစ်ခုပါခင်ဗျာ...ကျွန်တော်လည်း မသုံးရသေးလို့ အသုံးပြုပုံတော့ မညွှန်းနိုင်သေးပါဘူး...ကိုမောင်ပေါက်ဆီက မ လာပါတယ်...သူ့လင့်ကောင်းနေသေးလို့ သူ့လင့်ကိုပဲ ပြန်ညွှန်းလိုက်တယ်...ကိုမောင်ပေါက်ရေ...ကျေးဇူးနော်....လိုချင်တဲ့သူတွေ ယူနိုင်အောင် ဒီမှာ ပြန်ညွှန်းထားတယ်ဗျာ...လိုအပ်သူတွေ ယူနိုင်ဖို့ပါနော်...
>>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

Saturday, March 30, 2013

Ultra ISO Premium Edition v9.3.0.2612 (Serial Key)

အထူးတော့ရှင်းမပြနေတော့ပါဘူးနော်...အခွေ Burn တဲ့ Software လေးပါ...ဒါပေမယ့် .iso ဖိုင်တွေကိုပဲ Burn လို့ရမှာဗျ...ကျွန်တော်ပေးထားတဲ့ Window XP လို iso တွေကို burn လို့ရအောင်ပါ...ဘယ် iso ပဲလာလာပေါ့...တစ်ခါခါ Nero က Version မပြည့်ရင် iso Burn ရခက်တတ်လို့ပါ...လိုချင်ရင် ဒီမှာ ယူဗျာ...CD,DVD နှစ်မျိုးလုံးအတွက် .iso မှန်သမျှ Burn လို့ရမယ်...
>>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

Feeding Frenzy Game (Portable and Setup)

Free Game လေးတစ်ခုပါ...တစ်ခါခါ တအားပျင်းရင် ဆော့လို့ကောင်းတယ်ဗျ...သူက ငါးလေးတွေလိုက်စားရတာလေ...အစဆုံးကတော့ ငါးအသေးလေးတွေပဲ အရင်စားလို့ရတယ်...ငါးအကြီးတွေတော့ရှောင်ပေါ့...ငါးအသေးလေးတွေလိုက်စားရင်း ကိုယ့်အကောင်ကကြီးလာလို့ရှိရင် ကိုယ့်ထက်သေးတဲ့ ငါးမှန်သမျှ စားလို့ရလာမယ်...တစ်ဆင့်ချင်းပေါ့...နောက်ဆုံးမှာ ကိုယ်ကငါးအကြီးရော၊ အသေးပါစားလို့ရလာပါလိမ့်မယ်...ဆော့ရတာလည်းလွယ်မှလွယ်...Mouse တစ်ခုနဲ့ပဲဆော့ရတာ...Mouse ကနှိပ်စရာမလိုဘူး ရွှေ့ပေးရုံပဲ...စားတာရော၊ ငါးအကောင်အကြီးတွေကိုရှောင်တာရော...Mouse နဲ့ လိုက်ရွှေ့ပေးရုံပါပဲ...ကဲကဲ...ပြောရင်ရှည်နေရော့မယ်....လိုချင်ရင် ဒီမှာ ယူလိုက်ပါတော့နော်...Setup File ကို install လုပ်ပြီး Crack ထဲကဖိုင်တွေကို "C:\Program Files\Feeding Frenzy" Folder ထဲကို ကော်ပီယူပြီး Replace လုပ်ပေးလိုက်ပါ...သူ့ Free ပေးထားတဲ့အတိုင်း သွင်းမယ်ဆိုရင် သူ့ Free ကအကြိမ်ကန့်ထားတယ်ဗျ...Crack ဖိုင်ထဲက File တွေမဖျက်ပဲ Folder အသစ်တစ်ခုထဲမှာ သိမ်းထားပြီး သူ့ .exe လေးဖွင့်ပြီး Portable ပုံစံကစားချင်လည်းရပါတယ်နော်...အဆင်ပြေသလိုသာ သုံးလို့ရအောင် နှစ်ခုလုံးကျွန်တော်ထည့်ပေးထားပါတယ်ဗျာ...ဆိုဒ်ဘယ်လောက်မှ မရှိပါဘူး...ဘယ်စက်နဲ့မဆိုဆော့လို့ရမှာပါ...သူက Free Game လေးပဲကိုးဗျ...ယူပြီး မဆော့ချင်သေးလည်း သိမ်းထားလို့ရတာပေါ့ဗျာနော့....
>>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

Saturday, March 16, 2013

Xilisoft DVD Creator v7.1.0 & Super DVD Creator v9.8 (DVD အခွေလုပ်ရန် Software)

DVD အခွေလေးတွေမှာ Title Menu ထိုးတဲ့နေရာမှာ သုံးလို့ရမဲ့ Software လေးနှစ်ခု ကျွန်တော်တင်ပေးပါမယ်...ဒီ Software နှစ်ခုက Title Menu လုပ်လို့ရယုံတင်မက ပါဘူး...DVD ခွေပါတစ်ခါတည်း Burn လို့ရစေပါတယ်...နှစ်ခုလုံးက Keygen နဲ့ပဲဆိုတော့ ဒေါင်းလုပ်ယူတုန်းနဲ့ Install လုပ်နေစဉ် အချိန်တွေမှာတော့ Antivirus ကိုပိတ်ထားမှ ရမယ်နော်...ကဲအခုပေးမဲ့ Software လေးနှစ်ခုက Xilisoft DVD Creator v7.1.0 & Super DVD Creator v9.8 တို့ပါပဲ..ဘယ်ဟာကပိုကောင်းလဲလို့မေးလာရင်တော့ နှစ်ခုလုံးကောင်းတယ်ဗျ လို့ပဲပြောရမှာပါ...ကြိုက်သလိုသာ ယူကြပေါ့....အောက်မှာတော့ တစ်ခုချင်းဆီရဲ့ Keygen သုံးပုံပဲရှင်းပြထားတယ်နော်...Software ကတော့ သုံးရလွယ်ပါတယ်...မသုံးတတ်ဘူးဆိုရင် အောက်ဆုံးမှာ Comment ပေးခဲ့ပါနော်...အသုံးပြုနည်း တင်ပေးပါ့မယ်...ဘေးက Cbox မှာလည်းအော်သွားဦးဗျို့...ဒါမှ ကျွန်တော်အတွက့် ရှေ့ဆက်ဖို့ အားဖြစ်မှာပါ...

Xilisoft DVD Creator v7.1.0

Xilisoft ရဲ့ Product လေးတွေကို ကြိုက်ကြမဲ့ သူတွေအတွက်ပါ...လိုချင်ရင် ဒီမှာ ယူဗျို့..Keygen ရောတစ်ခါတည်း ထည့်ပေးထားတယ်...အောက်ကပုံ ကတော့ သူ့ရဲ့ Keygen ကိုဖွင့်လိုက်ရင် မြင်ရမဲ့ပုံပါပဲ အပ်ါက Config နေရာကို သူ့ကို Install အရင်လုပ်ပြီးမှ C:\Program Files ထဲကသူ့ရဲ့ Confi ဖိုင်ရှိရာကို ဘေးက Browse နဲ့ရွေးပေးရပါမယ်...ပြီးရင် Keygen အောက်ဆုံးက Generate ကိုနှိပ်လိုက်ရင် သူ့အတွက် Serial Key ကျလာပါလိမ့်မယ်...ဒါဆို Full ဖြစ်အောင်လုပ်တတ်ပြီပေါ့နော်....Antivirus နဲ့ Internet ပိတ်ထားဖို့မမေ့နဲ့ဦးနော်...Keygen အဖျက်ခံရမှာ စိုးလို့ပါ....


Super DVD Creator v9.8

Install လုပ်တော့မယ်ဆိုရင် ပထမဆုံး Antivirus နဲ့ Internet ပိတ်ထားဖို့မမေ့နဲ့ဦးနော်...Keygen အဖျက်ခံရမှာ စိုးလို့ပါ....ကဲ...လိုချင်ရင် ဒီမှာ ယူလိုက်လို့ ရပါပြီ ဗျာ...သူ့ Keygen ကတော့ Autorun ပါလိမ့်မယ်... အောက်ကပုံအတိုင်းပေါ့...မိမိကွန်ပျူတာ Name ကို Reg. Name လုပ်ပြီး သူ့ဟာသူ Key ဖန်တီးပေးလိမ့်မယ်....ဒီ Keygen ကအလွယ်ဆုံးလို့ပြောလို့ရမယ်ထင်တယ်...

ထပ်ပြောရရင်တော့ ဒီနှစ်မျိုးလုံးက သူ့ဟာနဲ့ သူတော့ ကောင်းကြပါတယ်...ကိုယ်ကြိုက်ရာကို သုံးပေါ့ဗျာ...အားလုံး အဆင်ပြေမှာပါ...အဲ...Keygen တွေပါနေတော့ လင့်တွေမသေခင် မြန်မြန် ဒေါင်းလိုက်ကြပါဦးနော်...
ချမ်းပြည့် 

>>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

Thursday, March 14, 2013

TUV Player (Sky Net ကိုမြန်မာနိုင်ငံသားများ Online ပေါ်မှကြည့်ရှုနိုင်မည့် Player)

ကြားဖူးထားတာတော့ ကြာပါပြီ...မအားတာနဲ့ မရှာဖြစ်သေးတာ...အခုရှာတော့ လွင်မင်းဗိုလ် (နည်းပညာ) ဆိုဒ်ကနေတွေ့ပါတယ်...ပုံတွေရော သူ့ဆိုဒ်ကနေ မ လာပါတယ်ဗျာ...အကို လွင်မင်းဗိုလ်ကို ကျေးဇူးပါပဲနော်...ကဲ...ဒီ Player လေးက ရပ်ဝေးကမြန်မာနိုင်ငံသားတွေ အင်တာနက်လိုင်းရှိရုံနဲ့ Sky Net Up to date လိုင်းကိုကြည့်ရှုနိုင်မဲ့ Free Player လေးပါ...လိုင်းပေါ်မူတည်ပြီး စောင့်ရင်စောင့်ရမှာတော့ ချွင်းချက်ပေါ့ဗျာ...:P...တခြား TV လိုင်းအတော်များများလည်း ဖမ်းကြည့်လို့ရတယ်နော်...အခုကျွန်တော်ကတော့ Sky Net ဖမ်းတဲ့နည်းကိုပဲပြောပြပေးပါ့မယ်...Player လေးလိုချင်ရင် ဒီမှာ ဒေါင်းလိုက်ပါ...မရဘူးဆိုရင် သူ့မူရင်းဆိုဒ်ကို ဒီနေရာကိုနှိပ်ပြီး သွားလိုက်နော်...ပြီးရင် အရင်ဆုံး Player လေးကို install လုပ်လိုက်ပါနော်...
  • 99221 ကိုအောက်ကပုံရဲ့အနီရောင်မြှားပြထားတဲ့နေရာမှာရိုက်ထည့်လိုက်ပါ...
  • ဘယ်ဘက်ဘေးထောင့်လေးမှာ မြန်မာနိုင်ငံအလံလေးနဲ့ ပေါ်လာတဲ့နေရာကို Click ပြီး Sky Net Up To Date လိုင်းကိုကြည့်နိုင်ပါပြီ...မရှင်းရင်အောက်ကပုံကိုကြည့်နော်...
  • ဒီစာအောက်ကပုံကတော့ ဒီဆော့ဝဲလ်လေးနဲ့ ကြည့်နိုင်မဲ့လိုင်းတွေကို ပြထားတဲ့ပုံပါ...တခြားလိုင်းတွေကတော့ ကိုယ့်ဟာကိုယ်သာ ရှာကြည့်တော့နော်...
ကျွန်တော်တော့ မစမ်းရသေးဘူးဗျ...မအားလို့...:)...အဆင်မပြေဘူးဆိုရင်တော့ အောက်မှာ Comment ပေးပြီးအကြောင်းကြားပေးပါဦးနော်...
>>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

Wednesday, March 6, 2013

ကျွန်တော့်အကြိုက် သင်္ကြန် သီချင်းများ စုစည်းမှု

သင်္ကြန်နား နီးလာပြီ...ဟဲဟဲ...ပိုးကမသေဘူး....သင်္ကြန်သီချင်း အသစ်တွေကလဲ မတွေ့ဘူးဗျ...အဲဒီတော့လဲ ဝါသနာအရ ကျွန်တော့်မှာရှိတဲ့ သင်္ကြန်သီချင်းလေးတွေ တင်ပေးလိုက်တယ်နော်...အဟောင်းတွေပေမယ့် ကောင်းမယ်ထင်တာလေးတွေပါပဲ...သင်္ကြန် ဆိုတာ အားလုံးအတွက်ပျော်စရာပွဲလေးပဲ မဟုတ်လား...ပျော်စရာ သီချင်းလေးတွေပဲ စုပေးထားတာပါ...အားလုံး (၄)ခွေ၊ ကျွန်တော့်အကြိုက် စုထားတာက တစ်ခွေ...(၅) ခုပေါင်း RAR လေးကို လိုချင်ရင် ဒီမှာ ယူတော့ဗျို့...ကျွန်တော့်Blogကသီချင်းတင်ဖို့အစီအစဉ်မရှိပေမယ့်ဝါသနာအရပေါ့ဗျာ...ဟဲဟဲ...အော်...သင်္ကြန်...သင်္ကြန်...တစ်နှစ်တောင် ကူးတော့မှာပါလားကွယ်ရို့...ဘာလိုလိုနဲ့ အသက်လည်း တစ်နှစ်ပိုကြီးလာတာပါကလား....ပြန်ငယ်ချင်လိုက်တာနော်...သင်္ကြန်မှာ ကဲရအောင်လို့...ဟဲဟဲ....အော်...ခုတော့....
  • တစ်နှစ်ကူးလို့ 
တန်ခူးရောက်ပြီ
  • ပိုထူးလောက်အောင်
ဘာတွေလုပ်ရ
  • အရူးတစ်ယောက်လို
မူးနောက်နောက်နဲ့
  • ကျွန်တော်လေ... 
အမြဲ နောက်ကောက်ကျ...ဟ...အဟ...

မနေနိုင်မထိုင်နိုင်လို့ ရေးတယ်ပဲမှတ်ပေးကြပါနော်...နောက်တာပါဗျာ...အားလုံး ပျော်စေချင်လို့ပါ....ကျွန်တော့်မိတ်ဆွေတွေအားလုံး နှစ်ကူးမှာ အဆင်ပြေမှုတွေပဲ ကြုံတွေ့ကြပါစေလို့ ဆုလည်းတောင်းပေးလိုက်ပါတယ်နော်....
တစ်ခုပြောချင်ပါတယ်...ဒီဘလော့က သီချင်းအတွက် မဟုတ်တော့ သီချင်းလိုချင်တယ်ဆိုရင် ကိုချမ်း ဆိုတဲ့စာလုံးကို နှိပ်ပြီး သွားလိုက်ပါနော်...အဲဒါလည်းကျွန်တော့်ရဲ့ ဘလော့လေးပါပဲ...အားပေးကြပါဦး...
>>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

Ashampoo Snap v6.0.2

မိမိကွန်ပျူတာရဲ့ Screen ကို ဓါတ်ပုံရိုက်ခြင်း၊ ဗီဒီယိုရိုက်ခြင်းများ ပြုလုပ်နိုင်မဲ့ Software လေးပါ...ကျွန်တော်လက်ရှိသုံးနေတဲ့ Software လေးပေါ့...Window XP,7 အပြင် Window 8 မှာပါသုံးလို့ရပါတယ်တဲ့...ကျွန်တော့် Window က 7 မို့ 8 မှာရမရတော့မသိဘူး...XP မှာတော့ရမှာသေချာပါတယ်...မိမိကွန်ပျူတာရဲ့ Screen ပေါ်မှာ ပေါ်သမျှအားလုံးကို ဓါတ်ပုံရော၊ ဗီဒီယိုပါရိုက်နိုင်ပြီး Edit လည်းပြန်လုပ်နိုင်ပါတယ်...အမြဲသုံးလို့ရအောင် Crack ပါထည့်ပေးထားပါတယ်...Install လုပ်ပြီးရင်တော့ Software Update ကို Setting ထဲဝင်ပြီး ပိတ်ထားပေါ့ဗျာ...အဆင်ပြေမှာပါ...ဒီကောင်လေးက Software ဖွင့်လိုက်ရင် Notification Area Icon တွေနေရာမှာပဲပေါ်နေမှာနော်...ကိုယ်စရိုက်ချင်တဲ့ အခါကျမှ ဓါတ်ပုံလား၊ ဗီဒီယိုလား ရွေးပေးလိုက်ရုံပါပဲ...ကဲ...လိုချင်ရင်တော့ ဒီမှာ ယူလိုက်ပါဗျ...Software ရော၊ Crack ရော၊ Install လုပ်ပုံပါအကုန်ပါတယ်...ဆိုဒ်ကတော့ 30 MB လောက်ပဲရှိပါတယ်...
>>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

Saturday, March 2, 2013

*.exe Virus ရှင်းနည်း (သို့မဟုတ်) Folder အယောင်ဆောင် Virus File များရှင်းနည်း

တစ်ခါခါ မိမိတို့ကွန်ပျူတာထဲကို Photo.exe တို့ New folder.exe တို့ Music.exe တို့လို .exe ယောင်ဆောင် Virus တွေဝင်လာတတ်ပါတယ်...ဝင်လာတယ်ဆိုတာ အဲဒီဖိုင်တွေကို ဘာမှန်းမသိလိုက်ပဲ သွားဖွင့်လိုက်မိလို့ဗျ...အရင်ဆုံး မိမိမှာရှိတဲ့ Antivirus နဲ့ သတ်လိုက်...ဒါပေမယ့် စက်ထဲမှာကျန်နေတဲ့ အဲလိုဖိုင်မျိုးတွေကို သွားဖွင့်လိုက်မိရင် ပြန်ပြန်ပေါ်လာဦးမှာပါပဲ...ဖျက်လိုက်ရင် မရဘူးလားဆိုတော့ ရတယ်ဗျ...ဒါပေမယ့် ကွန်ပျူတာထဲမှာ ဝင်သွားပြီဆိုရင် သူက သူ့ဟာသူ ကော်ပီတွေပွားပြီး ပြန်ပြန်ပေါ်အောင် လုပ်နေတတ်တယ်...ဘယ်ကပဲ ဝင်လာလာ အသိသာဆုံးကတော့ မိမိစက်မှာ တပ်လိုက်သမျှ USB လို Flash Drive တွေ၊ Memory Card တွေမှာခုနက .exe ဖိုင်တွေပေါ်ပေါ်နေတော့တာပါပဲ...အဲလို မပေါ်စေချင်ဘူး၊ အဲဒီ Virus ကိုရှင်းချင်ရင်တော့ မိမိစက်ထဲက .exe အယောင်ဆောင်တွေအားလုံးကို ရှာပြီးဖျက်ထုတ်ရတော့မှာပါ...တစ်ခုသတိထားရမှာက .exe ဆိုတာ Application File အမျိုးအစားဆိုတော့ တကယ့် Application File တွေကို သွားဖျက်မိရင် ကိုယ့်စက်ထဲက Software တွေအလုပ် လုပ်တော့မှာ မဟုတ်ပါဘူး...တစ်ခုချင်းဆီရှာမယ်ဆိုရင် အရေအတွက်ပေါ်မူတည်ပြီး အချိန်ကြာနိုင်ပါတယ်...အဲဒီတော့ ကျွန်တော်တို့ Window ရဲ့ Search Option ကို သုံးပြီး .exe အယောင်ဆောင်တွေကို ရှာလိုက်ကြရအောင်...
Window XP မှာ .exe Virus ရှာနည်း
ရေးပြနေရင်ကြာနေမှာစိုးလို့ ပုံ (၅) ပုံတင်ပေးထားလိုက်ပါတယ်...OK Virus Cleaner CD ကကူးယူဖော်ပြပေးထားတဲ့ ပုံလေးတွေပါ...ကျွန်တော်ရေးထားတာမဟုတ်ပါဘူးနော်...မရှင်းဘူးဆိုရင် ပုံတွေကို ဒေါင်းသွားလိုက်ပါ...ပုံတွေကို ကြည့်ရရှင်းအောင် Resolution မြှင့်ထားပေးပါတယ်...




Window 7 မှာ .exe Virus ရှာနည်း

ကဲ..ဒီဗီဒီယိုလေးကတော့ ကျွန်တော်ဖန်တီးထားတာပါ...အသံလေးပါထည့်ပေးထားပါတယ်...ဟဲဟဲ...Window 7 Search Box ကနေရှာနည်းပေါ့...ဖျက်နည်းကတော့ အပေါ်က Window XP အတွက်ရှင်းပြထားသလိုပါပဲ...Window 7 နဲ့ XP လုပ်ပုံလုပ်နည်းမကွာပါဘူး...7 ကပိုတောင်လွယ်နေမှာပါ...Search Box နေရာအထားလေးပဲ ကွာမယ်နော်...ကျွန်တော် အကျယ်ရှင်းပြဖို့ မလိုဘူးထင်ပါတယ်နော်...ကျွန်တော် ပုံတွေပြချင်ပေမယ့် အဲဒီ Virus ကကျွန်တော့်စက်ထဲမှာ ရှိမနေဘူး...လိုက်ရှာလို့လည်းမရလို့ပါ...အစဉ်အတိုင်းဖြစ်အောင် ဒီဗီဒီယိုလေးထဲကအတိုင်းရှာပြီးရင် အပေါ်က XP ရဲ့ ပုံ 4 နဲ့ 5 ကိုပြန်ကြည့်လိုက်ပါနော်....ဒီနမူနာတွေထဲမှာ Virus Size 261 KB လို့ပြထားပါတယ်...တစ်ခုသတိထားရမှာက တချို့ Virus တွေက Size တစ်မျိုးဖြစ်နေတတ်ပါတယ်...အဲဒီတော့မိမိရှင်းချင်တဲ့ Virus ရဲ့ Size ကိုသေချာမှတ်ထားစေချင်ပါတယ်...ဒါမှ တခြား .exe File တွေကိုမှားမဖျက်မိမှာပါ...ဒီလောက်ဆို .exe Virusရှင်းလို့ရသွားမယ်ထင်ပါတယ်နော်...လိုအပ်တာလေးတွေရှိရင် အောက်မှာအကြံပေးသွားလို့ရပါတယ်နော်...ကျွန်တော့် Blog ကိုလာလည်ကြတဲ့အတွက် ကျေးဇူးပါပဲနော်...
                                                                 ချမ်းပြည့် (etchan1990.blogspot.com)

>>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

Thursday, February 28, 2013

Window Registry အကြောင်း စာအုပ်(မြန်မာလို)

Window Registey အကြောင်းကို ရှင်းပြပေးထားတဲ့ စာအုပ်လေးပါပဲ...တော်တော်များများလည်း တင်ပေးထားကြပါတယ်...
ဒါပေမယ့် စာအုပ်လေးက ကောင်းလို့ ကျွန်တော်ထပ်တင်ပေးတာပါ...ရှိပြီးသားဆိုရင်တော့ Sorry ပါဗျာ...စာရေးသူက မောင်ထူးချွန် ပါ...
လိုချင်ရင်တော့ ဒီမှာ ယူလိုက်ဗျ...Mediafire ကနေပဲတင်ပေးထားပါတယ်...ဒီစာအုပ်အတွက် Mediafire Link တွေအတော်များများ ပျက်နေတာ တွေ့ရလို့ပါ...
ကျွန်တော်အကြိုက်ဆုံး စာအုပ်လေးပါပဲ...လေ့လာချင်တဲ့သူတွေ၊ Registry အကြောင်းကို မသိသေးသူတွေအတွက် အသုံးဝင်မှာပါ...
>>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

4 shared.com မှ Premium Download ယူနည်း


တချို့ 4shared ကမဒေါင်းတတ်သူတွေအတွက်ပါနော်...ကိုယ်ဒေါင်းချင်တဲ့ ဆော့ဝဲလ်ဟာ 4shared နဲ့ပေးထားတယ်ဆိုရင် အဲဒီဒေါင်းရမဲ့လင့်ကို ကော်ပီအရင်ကူးထားလိုက်ပါ...
ပြီးရင် http://www.4server.info/ ကိုသွားလိုက်...မသွားတတ်ရင် ဒီနေရာကိုနှိပ်လိုက်ပါနော်...အောက်ကပုံနေရာကို ရောက်သွားလိမ့်မယ်...
  • ပြီးရင်ခုနက ကော်ပီယူထားတဲ့ လင့်ကို အောက်ကပုံထဲကနေရာမှာ....
  • အောက်ကပုံလို ကော်ပီယူပြီးထည့်ပေးလိုက်ပါ...
  • ပြီးရင် အဲဒီ့ Box ဘေးက Generate Link ဆိုတာလေးကိုနှိပ်ပေးလိုက်...
  • အောက်မှာပြထားတဲ့ ပုံလေး ပေါ်လာလိမ့်မယ်...ဒီနေရာမှာ မိမိစက်ထဲမှာ ဒေါင်း Internet Download Manager လို Software တစ်ခုခုရှိနေမယ်ဆိုရင် ဒေါင်းလုပ်အလိုလိုတက်လာမှာပါ...
    မတက်လာဘူးဆိုရင်တော့ အောက်ကပုံထဲက အောက်ဆုံးမှာ ပေါ်နေတဲ့ လင့်ကိုကော်ပီယူပြီး Mozilla နဲ့ New Tab ဖွင့်ပြီး သွားလိုက်ပါ...
  • 4shared ကနေ စောင့်စရာမလိုပဲ ဒေါင်းနိုင်ကြမှာပါ...ဒီအကြောင်းကို ကျွန်တော် မောင်ပေါက် ဆီက တစ်ဆင့်ကူးယူဖော်ပြထားတာပါ...
  • ကိုမောင်ပေါက် ကို ရှဲရှဲပါနော်...သူ့ဆီလည်းလင့်ကို နှိပ်ပြီး သွားလည်လို့ရပါတယ်...အဆင်ပြေပါတယ်...ကျွန်တော် စမ်းကြည့်ပြီး ပါပြီ....
                                                                               ချမ်းပြည့် (etchan1990.blogspot.com)
>>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

Sunday, February 24, 2013

Insaniquarium Game

PC ဂိမ်းလေးပါပဲ...ငါးမွေးတဲ့ ဂိမ်းလေးပေါ့...ကျွန်တော် တအားသဘောကျခဲ့တဲ့ ဂိမ်းလေးပါဗျာ....လိုချင်ရင် ဒီမှာ ယူသွားလို့ ရပါတယ်နော်...
ဒေါင်း Password ကတော့ etchan1990 ပါပဲ...Portable လေးပါ...Install လုပ်စရာမလိုပဲ ရလာတဲ့ RAR လေးထဲက File တွေအကုန်လုံးကို Folder တစ်ခုဆောက်ပြီး Extract လုပ်ထည့်လိုက်ပါ...အဲဒီ Folder ကိုတော့ ကြိုက်တဲ့နေရာမှာ သိမ်းပေါ့...အဲဒီထဲက Insaniquarium.exe ဖိုင်လေးကို Desktop ပေါ်ကို Shortcut ယူပြီး ဖွင့်ကစားရုံပါပဲ...တချို့ Portable ဆိုတာကို မသိသေးသူတွေအတွက်ပါ....ဂိမ်လေးအကြောင်းပြောပြမယ်...ဒီဂိမ်းလေးက ငါးလေးတွေမွေးတဲ့ဂိမ်းလေးပါ...အစဆုံး ငါးလေးတစ်ကောင်ပဲ ပေးထားပြီး အဲဒီငါးလေးကို အစာကျွေးရတယ်....ငါးလေးက အကောင်ကြီးလာရင် ငွေ၊ရွှေ၊စိန် အဆင့်ဆင့် ပေးတယ်...ကိုယ်က အဲဒီ ပိုက်ဆံတွေကိုလည်း လိုက်ကောက်ရမယ်...ဒါမှ ငါးအစာတို့ ငါးတို့ ထပ်ဝယ်နိုင်မယ်လေ...မိနစ်နဲ့ ငါးတွေကိုဖျက်ဆီးမဲ့ ရန်သူလာတယ်...သူ့ကိုလည်း ပြန်တိုက်ခိုက်ရတယ်...ငါးလေးတွေကို ကာကွယ်ဖို့ပေါ့...နောက်ဆုံး ပိုက်ဆံပြည့်ရင် အပေါ်ဆုံး ညာဘက်ထောင့်နားက ဥ ကိုသုံးခါ ဝယ်ရတယ်...ဒါမှ တစ်ခန်းအောင်တယ်...အဲဒီဥ က အခန်းအဆင့်အလိုက် ဈေးကြီးသွားတယ်...ဥ ကဒီဘက်အကွက်တွေက ငါးတွေကို အစဉ်အတိုင်းမဝယ်ရင် ပေါ်မှာ မဟုတ်သေးပါဘူးနော်...အဲဒီဥလေးရရင် ကိုယ့်ကို ကူညီမဲ့ကောင်လေး တစ်ကောင်ရတယ်...တစ်ခန်းကို ကူညီတဲ့ အကောင်လေး သုံးကောင် ခေါ်ထားခွင့်ရှိတယ်...ရန်သူတိုက်ခိုက်ဖို့၊အစာကျွေးဖို့၊ ပိုက်ဆံပေးဖို့ အကောင်တွေကတော့ သူ့လုပ်ဆောင်ချက်နဲ့သူ အမျိုးမျိုးပါပဲ...ဒီအကောင်တွေက တစ်ခန်းအောင်မှ တစ်ကောင်ရတာနော်...ခုနပြောတဲ့ ဥ ကပေါက်လာမှာ...ဒီလောက်ပါပဲ ဆော့ကြည့်ပေါ့...ပျော်စရာကောင်းပါတယ်...ဂိမ်းတစ်ခုလုံးက Mouse နဲ့ပဲဆော့ရတာဆိုတော့ Mouse တော့ကောင်းရမယ်နော်...ဒီဂိမ်းဆော့ပြီးရင်တော့ Mouse တော်တော်နိုင်သွားမယ်ထင်တယ်...ဟဲ...ဟဲ....
>>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

Thursday, February 21, 2013

နည်းပညာ သက်သက်လေ့လာချင်သူများအတွက် မြန်မာ ဘလော့နှင့် ဆိုဒ် အညွှန်းများ

http://allmyanmarblogs.blogspot.com/ • (All Myanmar Blogs) -မြန်မာဘလော့များရှာဖွေရန်။ www.sharbar.net/ • (Sharbar) - မြန်မာဆိုက်များကိုရှာဖွေရန်။ www.searchmyanmar.com/ • (Search Myanmar)-မြန်မာဆိုက်များကိုရှာဖွေရန်။ http://webdirectory.all-channel.com/ • ( ALL CHANNEL)- မြန်မာဆိုက်များကိုရှာဖွေရန်။ http://myanmardaily.net/ • ( MYANMAR DAILY)- ဆိုက်အမျိုးမျိုးမှနေ့စဉ်ဖတ်စရာများ။ www.mawcity.com • (မှော်ဝင်မြို့တော်)- ကွန်ပျူတာနည်းပညာများလေ့လာရန်။ www.slip-meepyatite.blogspot.com/ • ( Slip Mee Pya Tite)- ကွန်ပျူတာနည်းပညာများလေ့လာရန်။ http://www.meepyatite.info/ • (မီးပြတိုက်)- ကွန်ပျူတာနည်းပညာနှင့်အထွေထွေဗဟုသုတများလေ့လာရန်။ http://www.kyawswarnyein.com/ • ( ကိုကျော်စွာငြိမ်း )- ကွန်ပျူတာနည်းပညာများလေ့လာရန်။ http://cadmyanmar.blogspot.com/ • (CAD MYANMAR)- အော်တိုကတ်နည်းပညာများလေ့လာရန်။ http://blog.nyilynnseck.com/ • (ညီလင်းဆက်)-ကွန်ပျူတာနည်းပညာများလေ့လာရန်။ www.mone-tine.com/ • (မုန်တိုင်း)- ကွန်ပျူတာနည်းပညာများလေ့လာရန်။ http://www.sbsangpi.com/ • (IT RESHARE SITE)- ကွန်ပျူတာနည်းပညာများလေ့လာရန်။ www.kp3family.blogspot.com/ • (KP3 FAMILY)-ကွန်ပျူတာနည်းပညာများလေ့လာရန်။ www.nyinaymin.com/ • (ညီနေမင်း)- ကွန်ပျူတာနည်းပညာများလေ့လာရန်။ www.knowledgewar07.com/ • ( ကိုမိုးထက်မြင့်)- ကွန်ပျူတာနည်းပညာများလေ့လာရန်။ www.soemin.net/ • ( ကိုစိုးမင်း)- ကွန်ပျူတာနည်းပညာများလေ့လာရန်။ www.kozaw357.multiply.com/ • (ကိုဇော်)- ကွန်ပျူတာနည်းပညာများလေ့လာရန်။ www.htootayzar.com/ • ( ထူးတေဇာ)- ကွန်ပျူတာနည်းပညာများလေ့လာရန်။ http://mmshare.org/ • ( MM SHARE)- ကွန်ပျူတာနည်းပညာများလေ့လာရန်။ http://www.myanmaritmen.org/ • ( အိုင်တီသမားများ)-ကွန်ပျူတာနည်းပညာများလေ့လာရန်။ www.saturngod.net/ • (စေတန်ဂေါ့)- ကွန်ပျူတာနည်းပညာများလေ့လာရန်။ http://blog.mghla.net/ • ( မောင်လှ)- ကွန်ပျူတာနှင့်ဓါတ်ပုံ နည်းပညာများ။ www.kokyawmyintoo.blogspot.com/ • ( ကိုကျော်မြင့်ဦး)-ကွန်ပျူတာနည်းပညာများလေ့လာရန်။ www.problemclean.ning.com/ • ( MYANMAR IT DEVELOPMENT)- နည်းပညာအကြောင်းဆွေးနွေးဖို့။ http://thanlonnge.net/ • ( သံလုံငယ်)- ကွန်ပျူတာနည်းပညာများလေ့လာရန်။ www.sawsan23.tk • ကွန်ပျူတာနည်းပညာများလေ့လာရန်နှင့် ဆွေးနွေးရန်။ www.simplehelp.net • မိမိကွန်ပျူတာနဲ့ ပတ်သက်၍ ပြဿနာများရှိခဲ့လျှင် မေးမြန်းနိုင်သည် www.helpwithpcs.com • ကွန်ပျူတာသင်ခန်းစာများကို အမျိုးအစားစုံလင်စွာလေ့လာရန် www.asia-oss.net • Open Source စနစ်ကိုလေ့လာသူများ မဖြစ်မနေ၀င်လေ့လာသင့်သည် www.wwpi.com • ကွန်ပျူတာပညာရပ်များအပြင်၊ Network ပညာများကိုလည်းသင်ယူနိုင်သည် www.educational-software.com • ဆော့ဖ်ဝဲဘာသာရပ်များကို လေ့လာသင်ယူနိုင်ပါသည် www.educationalsoftware.co.uk • ဆော့ဖ်ဝဲဘာသာရပ်များကို သင်ယူနိုင်ပါသည် www.okino.com • ဂရပ်ဖစ်သုံးဆော့ဖ်ဝဲဘာသာရပ်များစွာကို လေ့လာနိုင်သည် www.emailaccount.com • Domain များစွာကို စိတ်ကြိုက်ရနိုင်ပြီးလွယ်ကူသုံးချ အခမဲ့ရသော mail www.gawab.com • Language များစွာကို စိတ်ကြိုက်ရနိုင်ပြီး လွယ်ကူစိတ်ကြိုက်ရနိုင်ပြီးလွယ်ကူသုံး ချ အခမဲ့ရသော mail www.shareme.com • ကွန်ပျူတာပညာရပ်များ၊ စီးပွားရေးပညာရပ်များအပါအ၀င် ဆော့ဖ်ဝဲလ်များအကြောင်းစုံလင်စွာလေ့လာရန် http://search.imesh.com • ဒီဆိုက်မှာ ဆော့ဝဲလ်တွေအများကြီး free ဒေါင်းလို့ရတယ် http://www.filehippo.com/ • စုံလင်တဲ့ Free Software ဆိုဒ်ပါ ။ လိုတဲ့ဆော့ဖ်ဝဲလ်ကိုသာ နာမည်ရိုက်တဲ့ပြီးရှာလိုက်ပါ http://www.mmgeeks.org/forum/ • (MM GEEKS)-နည်းပညာဖိုရမ်များဖတ်ရှုရန်။ http://www.mmso.org/ • ( MMSO)- ဖိုရမ်မှဗဟုသုတများရှာဖွေရန်။ www.aask.my-mm.org/ • ( MYANMAR OVERFLOW)- ဗဟုသုတရစရာအမေးနှင့်အဖြေများ။ www.amyanmaritpros.com/ • ( MYANMAR IT PROFESSIONAL)- နည်းပညာလေ့လာရန်။ www.mysteryzillion.org/ • ( MYSTERY ZILLON FORUM)- နည်းပညာများဆွေးနွေးရန်။ www.problemclean.ning.com/ • ( MYANMAR IT DEVELOPMENT)- နည်းပညာအကြောင်းဆွေးနွေးဖို့။ http://www.myanmartutorials.com/ • ( MYANMAR TUTORIALS)- ကွန်ပျူတာနည်းပညာများလေ့လာရန် http://www.mmphotoshop.net/ • photoshop သင်ခန်းစာ များလေ့လာနိုင် ပါသည်။ .. http://www.knowledgewar07.blogspot.com/ • နည်းပညာ နှင့် E-books http://www.thanlonnge.com/ • နည်းပညာ http://cadmyanmar.blogspot.com/ • ( CAD MYANMAR )-အော်တိုကတ်နည်းပညာများလေ့လာရန်။ http://www.creativelayer.net/ • ( CREATIVE LAYER)-အော်တိုကတ်နည်းပညာများလေ့လာရန်။ http://autocaddrawing.blogspot.com/ • အော်တိုကတ်ရေးဆွဲနည်း ပညာများလေ့လာရန်။ www.engineer4myanmar.com/search/label/AutoCAD/ • ( ENGINEER 4 MYANMAR )-အော်တိုကတ်လေ့လာရန်။ http://chan09.blogspot.com/ • ( CHAN 2009 )- အော်တိုကတ်လေ့လာရန်။ http://www.zack-notes.net/ • ၀က်ဒီဇိုင်းနည်းပညာများလေ့လာရန်။ http://www.phpmyanmar.com/ • (PHP MYANMAR)-၀က်ဒီဇိုင်းနည်းပညာများလေ့လာရန်။ http://www.worldwidemyanmar.com/ • ( WORLD WIDE MYANMAR)- နည်းပညာသတင်းများဖတ်ရှုရန်။ http://www.knowledgebridge.net/ • ( KNOWLEDGE BRIDGE)- နည်းပညာမဂ္ဂဇင်းဖတ်ရှုရန်။ www.onlineictreader.com/ • မြန်မာအိုင်စီတီသတင်းများဖတ်ရှုရန်။ www.myanmarinternetjournal.com/ • မြန်မာအင်တာနက်ဂျာနယ် ဒီအောက်က လင့်နှစ်ခုကတော့ ကျွန်တော့်ဘလော့လေးတွေပါပဲဗျာ… http://etchan1990.blogspot.com http://kokochan1990.blogspot.com (ချမ်းပြည့်) ဒီလင့်တွေကို စာအုပ်အဖြစ်ယူချင်ရင်တော့ ဒီမှာ ယူလိုက်ပါနော်…ဒေါင်း Password ကတော့ etchan1990 ပါပဲ…
>>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

ဝင်းဒိုး အိတ်ပီ (Window XP)

ဝင်းဒိုးတင်ပေးရင် လင့်တွေအဖျက်ခံရလို့ ဒီတစ်ခါ ကျွန်တော် မြန်မာလိုပဲ ရေးပြီးတင်ပေးလိုက်တယ်...လင့်မသေသေးရင်တော့ ယူလို့ရမှာပေါ့...
အခုတင်ပေးမှာက ဝင်းဒိုး အိတ်ပီ ပါ...ပရော်ဖက်ရှင်နယ် ဆားဗစ် ပက် သရီး လေးပေါ့...ဘလက် အက်ဒီးရှင်း လို့လည်းဆိုထားသေးတယ်ဗျ...
ဝင်းဒိုးအတွက် Serial Key ကိုလည်းဒေါင်းလုပ်ထဲမှာ ထည့်ပေးထားပါတယ်...တစ်ဖိုင်ထဲဆွဲရမှာပါ...Dropbox ကနေ 604MB ရှိပါတယ်..
ကျွန်တော်ပေးထားတာက iso ဖိုင်ပဲနော်...အဲဒါလေးကို အခွေပြန် Burn ရဦးမှာနော်...CD ခွေနဲ့လည်း Burn လို့ရပါတယ်...604MB ပဲရှိတယ်ဆိုတော့လေ...
အဆင်ပြေကြမှာပါ...အခွေ Burn ဖို့ Software ကတော့ ကျွန်တော့် Blog ထဲမှာပဲရှိပါတယ်...ရှာကြည့်လိုက်ပါနော်...
ဝင်းဒိုးကိုယူချင်ရင်တော့ ဒီ "ဝင်းဒိုးယူမယ်" ဆိုတဲ့စာသားလေးကို နှိပ်လိုက်ပါ...Dropbox ကနေ ဒေါင်းလုပ်ကျလာပါလိမ့်မယ်...ဒေါင်းလုပ်ကိုပဲနှိပ်လိုက်ပေါ့...
လင့်ဖျက်မှာစိုးလို့ ပုံတွေဘာတွေ မပြတော့ဘူးနော်...စော်လန်းလန်းလေး တစ်ဗွေပုံပဲတင်ပေးထားတယ်...ဟဲဟဲ....လိုင်စင်ကီးက အဆင်မပြေဘူးဆိုရင် ကျွန်တော့် ဘလော့ထဲမှာပဲ ဝင်းဒိုး Activator တင်ပေးထားတယ်နော်...လိုက်ရှာကြည့်လိုက်ပါ...သူကအားလုံးနဲ့ အဆင်ပြေမှာပါ...
>>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

Mavis Typing 10

ကွန်ပျူတာလက်ကွက်ကို ပုံလေးတွေ ဂိမ်းလေးတွေနဲ့ လေ့ကျင့်ကြတာကိုတွေ့ဖူးကြမှာပေါ့နော်....ဟုတ်ပါတယ်...
ဒီတစ်ခါတင်ပေးမှာက Typing Software လေးပါ...ဘာ Serial , Keygen မှမလိုပါဘူး... Install လုပ်ပြီး Restart ချလိုက်ရုံပါပဲ...
အင်တာနက်ချိတ်နိုင်ရင်တော့ သူကနေတဆင့် တခြား Free Typing Software တွေကိုထပ်ယူလို့ရသေးတယ်ဗျ...
အခုပေးထားတဲ့ထဲမှာ Game လေးတွေနဲ့ Typing ကျင့်နည်းလေးတွေလည်းပါပါတယ်...ကောင်းပါတယ်လို့ပြောလို့ရတယ်ဗျ...
ဒီဆော့ဝဲလ်လေးနဲ့သာလေ့ကျင်ရင် တကယ့်ကို စနစ်တကျ ကွန်ပျူတာလက်ကွက်တွေကို ရိုက်တက်လာမှာပါ...ဘာလို့လဲဆိုတော့ သူကဘယ်ခလုပ်ကို၊ ဘယ်လက်နဲ့ရိုက်ရမယ်ဆိုတာပါ သေသေချာချာပြထားတာကိုး....
ဒီလိုဆော့ဝဲလ်လေးတွေရှိတော့ ကောင်းတာပေါ့ဗျာ...ဟာသတစ်ခုပြောပြမယ်...ကျွန်တော်ဆို ကွန်ပျူတာကို စသင်တုန်းက လက်တစ်ချောင်းထဲနဲ့ ရိုက်ဖူးတယ်...အဲလိုမှ ပိုမြန်တယ်ထင်ခဲ့တာကိုး...
အားမရတာပေါ့...အကျိုးဆက်ကတော့ အခုထိလက်ကွက်ကို စနစ်တကျ ကိုင်မရတော့တာပါပဲ...စွဲသွားပြီကိုး....အကျင့်ဖြစ်သွားရင် ပြင်ရခက်ပါတယ်...
ကွန်ပျူတာကို စသင်တဲ့သူတွေ ဒီလို Software မျိုးလေးတွေနဲ့ စနစ်တကျ လေ့ကျင့်သင့်ပါတယ်...ဒါမှ နောက်ပိုင်း Smart ကျမှာ...ဟဲဟဲ...
လိုချင်ရင် ဒီမှာ ယူလိုက်ပါဗျာ...ဒေါင်း Password တောင်းခဲ့ရင် etchan1990 ကိုရိုက်ထည့်ပေးပါ...Dropbox ကနေပဲတင်ပေးထားပါတယ်...
MINIMUM SYSTEM REQUIREMENT
Windows 95/98 or Windows NT 4.0 *(SP4 installed)
Pentium 90 Mhz or faster
16 MB of RAM for Windows 95/98
32 MB of RAM for Windows-NT 4.0
70 MB free hard disk space (Compact installation - CD required to run)
170 MB of hard disk space (Typical installation - CD required to run)
SVGA video card, 1Mb VRAM, Direct X Compliant
16-bit Sound Card, DirectSound Compliant
2X CD-ROM drive
ဒါကတော့ ဒီ Software သွင်းဖို့မိမိစက်မှာ ရှိရမဲ့ လိုအပ်ချက်လေးတွေပါ...ရေးထားတာပါလို့ ပြောပြတာပါ စက်တော်တော်များများမှာ install လုပ်လို့ရပါတယ်...
>>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

Window XP တွင် Auto Run ပိတ်နည်း (Auto Run Virus ကိုကာကွယ်နိုင်ရန်)

ကျွန်တော်တို့ကွန်ပျူတာတွေထဲကို Virus တွေနည်းအမျိုးမျိုးနဲ့ ဝင်ဝင်လာကြပါတယ်...အများဆုံး ဝင်ရောက်နိုင်တာကတော့ USB Flash Drive လိုပစ္စည်းမျိုးတွေ၊ Auto Run ပါတဲ့ Software ခွေတွေဆီကနေ ဝင်ရောက်လာကြတာပါပဲ...ဘာလို့လဲ ဆိုတော့ USB,CD,DVD တို့ထဲမှာပါတဲ့ autorun.inf ဆိုတဲ့ File လေးကြောင့်ပါပဲ...USB တိုင်း၊CD,DVD တိုင်းမှာ ပါတယ်လို့ပြောတာ မဟုတ်ဘူးနော်...ဆိုကြပါဆို့ USB တစ်ခုမှာ Virus တစ်ခုရှိနေတယ်...အဲဒီ USB မှာလည်း autorun.inf ဆိုတဲ့ File လေးကလည်းရှိနေတယ်...ကိုယ်က အဲဒီ USB ထဲက ဖိုင်တစ်ခုကို ယူဖို့ အဲဒီ USB ကို ကိုယ့်စက်မှာ တပ်လိုက်ပြီ ဆိုပါဆို့...မိမိစက်ထဲမှာ Auto Run ကိုပိတ်မထားရင် autorun.inf ဆိုတဲ့ File လေးက အဲဒီ USB ထဲကဖိုင်တွေအကုန်ကို Auto Play နိုင်ဖို့ ဖတ်လိုက်ပါလိမ့်မယ်...ဒါဆိုရင် ခုနက အဲဒီ USB ထဲက Virus လေးဟာ ကိုယ်ကသွားမဖွင့်ရပါပဲ ကိုယ့်စက်ထဲရောက်သွားရပါလေရောဗျာ...ဒီနေရာမှာ တစ်ခုပြောချင်တာက တစ်ချို့ Virus တွေဟာ USB ထဲမှာရှိနေပေမယ့် ကိုယ်က အဲဒီ ဖိုင်ကို သွားမဖွင့်မိရင် ကိုယ့်စက်ထဲကို မဝင်နိုင်ပါဘူး...တချို့ Virus တွေကတော့ သွားမဖွင့်လည်း ဝင်နိုင်ပါတယ်...အဲလို Virus မျိုးကတော့ Auto Run ပိတ်ထားရုံနဲ့ မရပါဘူး...ကိုယ့်စက်ထဲမှာ Anit Virus တစ်ခုခုရှိနေမှ ကာကွယ်ပေးနိုင်မှာပါနော်...ကဲ အခု autorun.inf ဆိုတဲ့ File လေးကြောင့် မိမိစက်ထဲကို Virus မဝင်ရအောင် ပိတ်တဲ့နည်းကိုပြောပြပါမယ်...ဒါဆိုရင်တော့ ကိုယ်သွားဖွင့်မှ ဝင်လာနိုင်မဲ့ Virus တွေရန်ကိုတော့ ကာကွယ်နိုင်မှာနော်...Window 7 မှာတော့ လွယ်လို့ မပြောပြတော့ပါဘူး...အခုပြောပြမှကြ Window XP အတွက်ပါပဲနော်....
  • Window XP ရဲ့  Start Menu ထဲက Run ကို ဖွင့်လိုက်ပါ...

    • Run Boxလေးပေါ်လာရင် Box ထဲမှာ gpedit.msc လို့ရိုက်ပြီး OK ကိုနှိပ်လိုက်ပါ...  

    • အောက်မှာ ပြထားသလို Group Policy Box ပေါ်လာရင် User Configuration ထဲက Adminstrative Templates ထဲက System ထဲက Turn Off Autoplay ပေါ်မှာ Double Click နှိပ်ပါ(Turn Off Autoplay ကိုဖွင့်ခိုင်းတာနော် အောက်ကပုံမှာ 1.2.3. ဆိုပြီးအစဉ်အတိုင်းသွားနိုင်အောင်ပြထားပါတယ်...)
    • Turn Off Autoplay Properties Box ပေါ်လာရင် Setting ထဲက Enabled မှာ Mouse နဲ့အမှတ်ပေးလိုက်ပါ...Turn Off Autoplay on: ဘေးက Box ထဲကနေ All Drives ကိုရွေးပါ...ပြီးရင်တော့ OK နှိပ်လိုက်ပေါ့...
    • ဒါဆိုရင် မိမိစက်မှာ ဘာ Drive ပဲတပ်တပ် Auto Play တက်မလာတော့ပါဘူး...Auto Play ပဲမတက်လာတာနော် USB တို့ ၊CD,DVD တို့ထည့်လိုက်ရင် သူ့ Drive နေရာမှာတော့ ပေါ်နေမှာပါ(ဥပမာ..Removeable Disk(G:),Floppy (A:),DVD-RAM Drive (F:) တို့ပေါ့)...ကိုယ်က အဲဒီမှာ သွားဖွင့်ပြီး သုံးလို့ရပါတယ်...
      တကယ်လို့များ ကိုယ်က Auto Play ကို ပိတ်မထားချင်ဘူးဆိုရင် အနည်းအကျင်းလောက်တော့လုံခြုံမှုရှိမဲ့ နည်းတစ်ခုရှိပါတယ်...အဲဒါကတော့ My Computer ကိုဖွင့်လိုက်ပါ.. ကိုယ်ဖွင့်ချင်တဲ့ Drive နာမည်ကို Address Bar ပေါ်မှာရိုက်ပြီး Enter နှိပ်၊ ဖွင့်တဲ့နည်းပါပဲ...အောက်မှာ နမူနာပုံပြထားပါတယ်...
    ဒါဆိုရင်တော့ Window XP မှာ Auto Run ပိတ်နည်းနဲ့ Auto Run ဘာကြောင့်ပိတ်သင့်လဲဆိုတာ သိကြပြီ ထင်ပါတယ်...
                                                                                   ချမ်းပြည့် http://etchan1990.blogspot.com
    >>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

    Wednesday, February 20, 2013

    Photoshop အသုံးပြုနည်းများ (မြန်မာ စာအုပ်များ) PDF File

    Adobe Photoshop ကို လက်တွေ့သုံးတတ်ချင်သူတွေရှိကြမှာပါ...အခု Photoshop နဲ့ပတ်သတ်တဲ့ စာအုပ် 14 အုပ်ကိုကျွန်တော်တင်ပေးလိုက်ပါတယ်...
    စာအုပ်တွေ အားလုံးပဲ အတော်ကောင်းပါတယ်...လက်တွေ့လေ့ကျင့်ခန်းစာအုပ်တွေလည်း ပါပါတယ်...ကျွန်တော့်မှာ ရှိသလောက်နဲ့ ရှာလို့ရသမျှပေါ့...
    Photoshop စာအုပ်ရှာဖို့ အခက်အခဲ ဖြစ်နေသူတွေအတွက် စုပြီးပြန်တင်ပေးလိုက်တာပါပဲ...အားလုံး 14 အုပ်၊ 64.5 MB ရှိတယ်...RAR နဲ့ပဲတင်ပေးထားတယ်...
    လိုချင်ရင် ဒီမှာ ယူလိုက်ကြပါဗျာ...ဒေါင်းတဲ့ Password ကတော့ etchan1990 ပါပဲ...အကုန်လုံး မြန်မာလို ရေးထားတဲ့ စာအုပ်တွေပါပဲ...
    လေ့လာရင် အကျိုးရှိနိုင်ပါတယ်...Photoshop သမားတွေအတွက် အသုံးဝင်မဲ့ စာအုပ်ကောင်းလေးတွေပါပဲ...
    >>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

    Xilisoft Video Converter v2.1.50.714

    ဗီဒီယိုဖိုင်တွေကို Format ပြောင်းဖို့၊ ဖြတ်တောက်ပစ်ဖို့ အတွက် ဒီ Xilisoft Software လေးကအသုံးဝင်မှာပါ...
    Video Converter Software တွေထဲမှာ သူလည်းနာမည်ရတဲ့ Software လေးပါပဲ...လိုချင်ရင် ဒီမှာ ယူလိုက်ပါ....
    အမြဲသုံးနိုင်အောင် Serial Key ထည့်ပေးထားပါတယ်...Serial Key မထည့်တတ်ဘူးဆိုရင်...
    Software ကိုဖွင့်ပြီး ဗီဒီယို ဖိုင်တစ်ခုလောက်ကို အရင် စမ်းပြောင်းကြည့်လိုက်ပါ...ဒါဆိုရင် လိုင်စင်တောင်းတဲ့ Box လေးပေါ်လာပါလိမ့်မယ်...
    အဲဒီ Box လေးထဲမှာ ဒေါင်းလို့ရလာတဲ့ထဲက  Name နဲ့ Serial Key ကိုထည့်ပေးပြီး OK နှိပ်လိုက်ရုံပဲပေါ့...အဆင်ပြေမှာပါ...
    Download Password ကတော့ etchan1990 ပါပဲနော်....
    >>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

    Power DVD for Window XP

    DVD အခွေတွေကြည့်ဖို့ အကောင်းဆုံး Player လေးတစ်ခုပါပဲ...Power DVD 8,10,12 အများကြီးရှိပေမယ့် တချို့ Power DVD တွေက XP မှာအဆင်မပြေတတ်ကြပါဘူး...
    အခုကျွန်တော်တင်ပေးတဲ့ Power DVD က Window XP ပဲတင်ထားတဲ့သူတွေအတွက် Power DVD for XP ပါ...
    လိုချင်ရင် ဒီမှာ ယူလိုက်ပါဗျာ...Serial Key လည်းထည့်ပေးထားပါတယ်...ဒေါင်းရင် Password  ကတော့ etchan1990 ပါပဲ...
    >>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

    Nero 6.3.1.6 Ultra Edition with Serial

    Window XP သမားတွေအတွက် ပေါ့ပေါ့ပါးပါး Nero 6 လေးပါ...အခွေ Burn ဖို့နာမည်အကြီးဆုံး Software တစ်ခုပေါ...
    သုံးလို့ရအောင် Serial Key ထည့်ပေးထားပါတယ်... Window XP သမားတွေအတွက် Service Pack 2 မှာတောင်အလုပ်လုပ်ပါတယ်...
    XP ပဲသုံးကြတဲ့ သူတွေကို အဆင်ပြေစေချင်လို့ပါ...လိုချင်ရင်တော့ ဒီမှာ ယူလိုက်ပါဗျာ...ဒေါင်း Password က etchan1990 ပါပဲ...
    >>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

    Adobe Page Maker 7.0 with Serial

    Page Maker အကြောင်းစာအုပ်ကို တင်ပေးပြီးပြီမို့ မရှင်းပြတော့ပါဘူးနော်...အခုတင်ပေးမှာက Software ပါ...ဒီမှာ ယူလိုက်လို့ရပါတယ်....
    ဒေါင်းတဲ့ Password ကတော့ etchan1990 ပါပဲ..Install လုပ်ပုံကတော့ သာမန်ပါပဲ...ဒေါင်းလို့ရတဲ့အထဲက Setup File ကိုဖွင့်လိုက်တာနဲ့ install လုပ်နေမှာပါ...
    တစ်ခုပဲသတိထားရမှာက Install အဆင့်ဆင့်လုပ်သွားရင်း "Product is Register to:" ဆိုတဲ့အဆင့်ရောက်ရင်တော့ "An Individual" ဆိုတာကိုရွေးပေးပြီး
    အထဲမှာကျွန်တော်ပေးထားတဲ့ Serial Key နဲ့ Name တွေကိုဖြည့်လိုက်ရုံပါပဲ...Install လုပ်တဲ့နောက်ဆုံးအဆင့်မရောက်ခင်မှာ စာတစ်ခုတက်လာပါလိမ့်မယ်...
    အဓိပ္ပါယ်ကတော့ Adobe Page Maker ကိုသုံးရင် Acrobat Distiller v4.0 or v5.0 တစ်ခုခုမိမိစက်ထဲမှာရှိရမယ်ဆိုတဲ့ စာပါပဲ...
    ရပါတယ်...ကျော်သွားလိုက်ပါ...ပြီးရင်တော့ Finish ပေါ့...အားလုံးအဆင်ပြေမှာပါ...
    >>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

    Saturday, February 16, 2013

    Adobe Page Maker v7.0 အသုံးပြုနည်းစာအုပ် (မြန်မာလို)

    Page Maker အကြောင်းပြောရရင် အတော်ကြာလိမ့်မယ်ထင်လို့စာအုပ်လေး တင်ပေးထားပါတယ်နော်...စာအုပ်သက်သက်ကို ဒီမှာ ယူလိုက်ပါ...
    ကကကွန် ရှင်းပြပေးထားတာပါ...သိပ်မကြာခင် Software ကိုထပ်တင်ပေးပါ့မယ်...အခုတော့ စာအုပ်ကိုပဲအရင်လေ့လာဦးပေါ့...
    စာအုပ်ဒေါင်းရင် etchan1990 ကို ဘောက်ထဲမှာရိုက်ထည့်ပြီးမှ Unlock File ကိုနှိပ်နော်...
    >>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

    Thursday, February 14, 2013

    Download လုပ်ထားတဲ့ RAR ဖိုင်များအားလုံးကို တစ်ခုတည်းဖြစ်အောင် ပြန်ပေါင်းနည်း

    တချို့ဒေါင်းလုပ်တွေဟာ အကြောင်းအမျိုးမျိုးကြောင့် အပိုင်းတွေခွဲပြီး တင်ပေးထားကြရပါတယ်...(Part 1,Part 2,Part 3,...) တို့၊ A,B,C စသဖြင့်ပေါ့ဗျာ...
    အဲဒီလိုဒေါင်းလုပ်မျိုးတွေ တွေ့ရတဲ့အခါ ကိုယ်ကလည်းလိုချင်လို့ ဆွဲတော့ဆွဲလိုက်ပါရဲ့ (Part 1,Part 2,Part 3,...) လည်းရလာပါရဲ့...
    အဲဒီ RAR ဖိုင်လေးတွေကိုဖြည်တဲ့အခါမှာ နည်းနည်းပြသနာတက်လာပါရော...သိရင်တအားလွယ်ပေမယ့်၊ မသိရင်အတော်ဒုက္ခရောက်ပါတယ်ဗျာ...
    အဲဒီ RAR လေးတွေကသာမန် RAR လေးတွေလို Extract လုပ်လို့မရဘူးဗျ...လုပ်နည်းကိုပြောပြမယ်...တအားလွယ်ပါတယ်...

    •  ကိုယ့်စိတ်ကြိုက် နေရာတစ်ခုမှာ New Folder တစ်ခုဆောက်လိုက်ပါ...
      

    • အဲဒီ ဒေါင်းထားတဲ့ (Part 1,Part 2,Part 3,...)RAR ဖိုင်အားလုံးကို ခုနကဆောက်ထားတဲ့ New Folder ထဲကိုကော်ပီယူပြီးထည့်လိုက်ပါ...

    • RAR (Part 1,Part 2,Part 3,...) အကုန် New Folder ထဲရောက်သွားပြီဆိုရင်တော့ အပေါ်ဆုံးက Part 1 ပေါ်ကို Right Click ထောက်လိုက်ပါ...
      အပေါ်ဆုံးပြောပေမယ့် အပေါ်ဆုံးဖြစ်ချင်မှဖြစ်နေမှာနော်...ဆိုလိုချင်တာက (Part 1,Part 2,Part 3,...) ရှိရင် ထိပ်ဆုံး RAR Part 1 ပေါ်ကိုပြောတာ...
      A,B,C,D,...ရယ်လို့ပေးထားရင် ထိပ်ဆုံး A ကိုပြောတာပါနော်...ပြီးရင် Extract Here ဖြစ်ဖြစ်၊ Extract Files ဖြစ်ဖြစ် နှိပ်လိုက်ရုံပါပဲ...
      အောက်က Part 2,Part 3,Part 4,...တို့ကို Extract လုပ်စရာမလိုပါဘူး...သူ့ဟာသူအားလုံးပေါင်းပြီး Extract လုပ်သွားပါလိမ့်မယ်...တအားလွယ်ပါတယ်...

     
    အားလုံးအဆင်ပြေကြမှာပါ...ကျွန်တော်လည်း ဒီနည်းလေးကို မသိသေးခင်ကအတော်လေးဒုက္ခရောက်ရတယ်ဗျ...
    သိသွားတော့လည်းလွယ်လွယ်လေးပါပဲဗျာ...နော်...

    ချမ်းပြည့် (http://etchan1990.blogspot.com)

    >>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

    Wednesday, February 13, 2013

    Tera Copy v2.3 and Extreme Copy v2.2.1 with Serial

    အပေါ်က ဗီဒီယိုလေးကိုကြည့်ပြီး ကြပြီဆိုရင်....
    ကဲ...ဒီတစ်ခါ ကွန်ပျူတာထဲက ဖိုင်တွေကို ကွန်ပျူတာထဲကိုပဲဖြစ်ဖြစ်၊ တခြား USB Drive တို့၊ Memory Card,Stick တို့ဆီကိုပဲဖြစ်ဖြစ်၊ Copy

    ယူပြီးပြောင်းရွှေ့ကြတော့မယ်ဆိုရင်...
    1 GB အထက်ဖိုင်တွေကိုရွှေ့ရတဲ့အခါမှာ ရွှေ့တဲ့နှုန်းနှေးတဲ့အခါ အချိန်ကြန့်ကြာမှုတွေကို ကျွန်တော်တို့ရင်ဆိုင်ရပါမယ်...မပူပါနဲ့ အဲဒီအတွက်အောက်မှာ

    ဆော့ဝဲလ်နှစ်ခု တင်ပေးထားပါတယ်...မိမိကြိုက်တဲ့တစ်ခုကို သုံးပြီးဖိုင်တွေကို ကော်ပီယူတဲ့ Speed ကိုမြှင့်ပေးနိုင်မှာပါ...

    Tera Copy v2.3
    Tera Copy ကတော့ရှင်းပါတယ်...အရင်ဆုံး Beta Setup File ကို install လုပ်ပြီး Serial Key ထည့်ပေးလိုက်ရုံပါပဲ...သွားသုံးစရာ မလိုပါဘူးဗျာ...
    ဆော့ဝဲလ်သွင်းပြီးပြီဆိုတာနဲ့ မိမိကွန်ပျူတာကနေ ဘာကိုပဲကော်ပီယူယူ ဒီဆော့ဝဲလ်ကနေ သူ့ဘာသာသူ ကော်ပီယူပေးတော့မှာပါ...
    ကော်ပီကူးတဲ့နှုန်း ဘယလောက်မြန်သွားလဲဆိုတာ သွင်းပြီးကိုယ့်ဘာသာကိုယ်သာ ကြည့်လိုက်တော့နော်...လိုချင်ရင်တော့ ဒီမှာ ယူလိုက်ပါခင်ဗျ...
    ဒေါင်း Password ကတော့ etchan1990 ပါပဲ...

    Extreme Copy v2.2.1
    ဒီကောင်လေးကတော့ Tera လိုပါပဲ...ညွှန်းထားတာကတော့ Tera ထက်ပိုကောင်းတယ်လို့ ဖတ်ဖူးတယ်ဗျ...ဒါပေမယ့် အပ်ါက Tera ကတော့စက်တိုင်းနဲ့

    အဆင်ပြေပါတယ်...Extreme Copy ကတော့နှစ်မျိုးခွဲပေးထားတယ်...ဝင်းဒိုး (32 bits) သမားတွေအတွက် 32 bits Extreme Copy ကို ဒီမှာ ယူပါ...
    ဝင်းဒိုး (64 bits) သမားတွေအတွက် 64 bits Extreme Copy ကိုတော့ ဒီမှာ ယူလိုက်ကြပါဗျာ...ပြောကြတာကတော့ ဒီ Extreme က Tera ထက်ပိုမြန်ပါသတဲ့...
    ဖိုင်တွေကိုရွှေ့တဲ့ နေရာမှာပေါ့...ဒေါင်း Password ကတော့ etchan1990 ပါပဲ...
    အသုံးပြုပုံအားလုံးကို သိချင်ရင်တော့ ဒီ Post ရဲ့ အပေါ်တုံးက ဗီဒီယိုထဲမှာသာကြည့်လိုက်ကြတော့နော်...အဲဒီ ဗီဒီယိုထဲမှာ Tera,Extreme,Super Copier

    သုံးမျိုးရဲ့ အသုံးဝင်ပုံကိုပြထားတယ်...အဆင်ပြေကြမှာပါ...ကျွန်တော်တွေးမိသလောက်ကတော့ ဒီဆော့ဝဲလ်လေးတွေက သီချင်းကူးတဲ့သူတွေအတွက်တော့

    အသုံးဝင်မယ်ထင်တယ်နော်...ဟဲဟဲ...ဘာပဲဖြစ်ဖြစ် လိုအပ်ရင်ယူသွားကြပေါ့ဗျာ...အဆင်ပြေမှာပါ....
    >>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

    Saturday, February 9, 2013

    ဝင်းဒိုး XP

    ဝင်းဒိုးတစ်ခုလောက်တင်ပေးဦးမယ်လို့ စိတ်ကူးရတာနဲ့ ဒီမှာ ဝင်းဒိုး XP SP3 ရဲ့ iso လေးတင်ပေးထားပါတယ်...ဒီဝင်းဒိုးကို တင်ချင်ရင်တော့ CD

    အလွတ်တစ်ချက်တော့ရှရပါမယ်...iso ဆိုတဲ့အတွက် CD တော့ပြန် Burn ရမှာပါ...Burn ဖို့အတွက် Nero ကိုလိုချင်ရင်တော့ ဒီမှာ ယူလိုက်ပါ...Micro Version

    လေးပါပဲ...Setup File ကို Install တန်းလုပ်ရုံပါပဲ...ဒီအခွေကိုအလွယ် Burn နိုင်အောင်တင်ပေးထားတာပါ...ဒီတစ်နေရာထဲမှာပဲ အဆင်ပြေအောင်ပေါ့...Nero

    Professional သက်သက်ကိုတော့ နောက်မှတင်ပေးပါ့မယ်...အခု Nero ကတော့ Micro လောက်ပါပဲ...အဆင်ပြေမှာပါ...ဝင်းဒိုး Activated ဖြစ်ချင်ရင်တော့ ဒီမှာ

    ယူလိုက်ပါဦး... Activator လေးပါ....ဝင်းဒိုး Activated ဖြစ်ဖို့ပေါ့...မခက်ပါဘူး...ဝင်းဒိုးတင်ပြီးတာနဲ့ Activator လေးကိုဖွင့်ပြီး Install ကိုနှိပ်လိုက်ရုံပါပဲ...
    ခဏလောက်စောင့်လိုက်ရင် မိမိစက်ကို Restart ချခိုင်းပါလိမ့်မယ်...စက်ပြန်တက်လာရင် ဝင်းဒိုးက Activated

    ဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်....ဒေါင်းတဲ့နေရာတွေမှာ Password တောင်းရင် etchan1990 ကိုသာထည့်ပေးဖို့ မမေ့နဲ့နော်....
    >>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

    Red Alert 2 and Yuri's Revenge (Portable Version for PC)

    လူကြိုက်များတဲ့ RA2 ဂိမ်းလေးပါ...ကျွန်တော်ကလေးဘဝကတည်းက စိတ်ဝင်စားမိတဲ့ဂိမ်းလေးပေါ့...Portable Version လေးဆိုတော့ install လုပ်စရာမလိုပဲ၊ RAR ကို Extract လုပ်ပြီး Application File လေးကိုရှာဖွင့်ပြီး ဆော့ရုံပါပဲ...
    RA2 ဝါသနာရှင်တွေကြိုက်ကြမယ်ထင်ပါတယ်...လိုချင်ရင် ဒီမှာ ဒေါင်းလိုက်ပါဗျာ...Download Password က etchan1990 ပါပဲ...လင့်အဖျက်မခံရခင် လိုချင်သူတွေ အမြန်ဒေါင်းထားလိုက်ကြပါဦး...
    Yuri's Revenge လည်းပါတယ်နော်...သူကတော့သဘာဝသိပ်မကျတဲ့ စိတ်ကူးယဉ်စစ်ပွဲတွေလိုပါပဲ...ဆောရီး...ကြိုက်ကြတဲ့သူတွေလည်းရှိမှာပေါ့...လူတစ်ကိုယ် အကြိုက်တစ်မျိုးပါပဲဗျာ...
    အခုတော့ နှစ်မျိုးလုံး ပေါင်းပြီးတင်ပေးထားပါတယ်...အကြိုက်နှစ်မျိုးပေါ့...ဟဲ...ဟဲ....Size ကတော့ 303MB ရှိပါတယ်ဗျာ....အဆင်ပြေကြပါစေလို့....Drop box ကနေပဲတင်ပေးထားပါတယ်...လိုချင်ရင် ယူထားကြပေါ့ဗျာ...
    >>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

    Microsoft Office 2007,2003 with Serial,Activator & EZ Activator for MS 2010,2007,2003.(for 32 bits)






    အားလုံးပဲ မင်္ဂလာပါဗျာ...MS 2007 ကို Activator လေးပါထည့်ထားပြီး ဒီမှာ တင်ထားပေးလိုက်ပါတယ်...
    Install လုပ်ပုံအဆင့်ဆင့်ကိုလည်း အထဲက Read Me ဖိုင်မှာဖတ်ရှုနိုင်ပါတယ်...
    ဝင်းဒိုး XP ပဲဖြစ်ဖြစ် 7 ပဲဖြစ်ဖြစ် 32 bits အတွက်ပဲအဆင်ပြေမှာနော်...

    Microsoft Office 2003
    MS 2003 ကိုလိုချင်တယ်ဆိုရင်တော့ ဒီမှာ ယူသွားလိုက်ပါခင်ဗျာ...MS 2003 ကတော့ရှင်းတယ်ဗျ...
    ဘာ Serial၊ ဘယ် Activator မှမလိုပါဘုး...
    သူ့ထဲက office2003 ဖိုင်လေးကို install လုပ်ပေးလိုက်ရုံပါပဲ...

    All Office Activator For Microsoft Office (EZ Activator)
    Microsoft Office 2010,2007,2003  အားလုံးအတွက် EZ Activator လေးပါ...
    လိုချင်ရင် ဒီမှာ ဒေါင်းလိုက်ပါဗျာ...
    Office ကိုအဓိကအသုံးပြုနေကြတဲ့ ကွန်ပျူတာသမားတိုင်း လိုအပ်နိုင်ပါတယ်...
    ယူထားကြည့်ပေါ့ဗျာ...ကျွန်တော်တော့မသုံးကြည့်ရသေးပေမယ့် လိုအပ်တဲ့အချိန်မှာ အလွယ်တကူရှိနေတော့ ကောင်းတာပေါ့...
    အသုံးပြုပုံကိုတော့ အထဲက Read Me ဖိုင်မှာ ထည့်ထားပေးတယ်နော်...
    သြော်...ဒေါင်းလုပ်အားလုံးမှာ Password တောင်းခဲ့ရင် etchan1990 ကိုရိုက်ဖို့ မမေ့နဲ့ဦးနော်...
    >>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>