ကွန်ပျူတာလက်ကွက်ကို ပုံလေးတွေ ဂိမ်းလေးတွေနဲ့ လေ့ကျင့်ကြတာကိုတွေ့ဖူးကြမှာပေါ့နော်....ဟုတ်ပါတယ်...
ဒီတစ်ခါတင်ပေးမှာက Typing Software လေးပါ...ဘာ Serial , Keygen မှမလိုပါဘူး... Install လုပ်ပြီး Restart ချလိုက်ရုံပါပဲ...
အင်တာနက်ချိတ်နိုင်ရင်တော့ သူကနေတဆင့် တခြား Free Typing Software တွေကိုထပ်ယူလို့ရသေးတယ်ဗျ...
အခုပေးထားတဲ့ထဲမှာ Game လေးတွေနဲ့ Typing ကျင့်နည်းလေးတွေလည်းပါပါတယ်...ကောင်းပါတယ်လို့ပြောလို့ရတယ်ဗျ...
ဒီဆော့ဝဲလ်လေးနဲ့သာလေ့ကျင်ရင် တကယ့်ကို စနစ်တကျ ကွန်ပျူတာလက်ကွက်တွေကို ရိုက်တက်လာမှာပါ...ဘာလို့လဲဆိုတော့ သူကဘယ်ခလုပ်ကို၊ ဘယ်လက်နဲ့ရိုက်ရမယ်ဆိုတာပါ သေသေချာချာပြထားတာကိုး....
ဒီလိုဆော့ဝဲလ်လေးတွေရှိတော့ ကောင်းတာပေါ့ဗျာ...ဟာသတစ်ခုပြောပြမယ်...ကျွန်တော်ဆို ကွန်ပျူတာကို စသင်တုန်းက လက်တစ်ချောင်းထဲနဲ့ ရိုက်ဖူးတယ်...အဲလိုမှ ပိုမြန်တယ်ထင်ခဲ့တာကိုး...
အားမရတာပေါ့...အကျိုးဆက်ကတော့ အခုထိလက်ကွက်ကို စနစ်တကျ ကိုင်မရတော့တာပါပဲ...စွဲသွားပြီကိုး....အကျင့်ဖြစ်သွားရင် ပြင်ရခက်ပါတယ်...
ကွန်ပျူတာကို စသင်တဲ့သူတွေ ဒီလို Software မျိုးလေးတွေနဲ့ စနစ်တကျ လေ့ကျင့်သင့်ပါတယ်...ဒါမှ နောက်ပိုင်း Smart ကျမှာ...ဟဲဟဲ...
လိုချင်ရင် ဒီမှာ ယူလိုက်ပါဗျာ...ဒေါင်း Password တောင်းခဲ့ရင် etchan1990 ကိုရိုက်ထည့်ပေးပါ...Dropbox ကနေပဲတင်ပေးထားပါတယ်...
MINIMUM SYSTEM REQUIREMENT
Windows 95/98 or Windows NT 4.0 *(SP4 installed)
Pentium 90 Mhz or faster
16 MB of RAM for Windows 95/98
32 MB of RAM for Windows-NT 4.0
70 MB free hard disk space (Compact installation - CD required to run)
170 MB of hard disk space (Typical installation - CD required to run)
SVGA video card, 1Mb VRAM, Direct X Compliant
16-bit Sound Card, DirectSound Compliant
2X CD-ROM drive
ဒါကတော့ ဒီ Software သွင်းဖို့မိမိစက်မှာ ရှိရမဲ့ လိုအပ်ချက်လေးတွေပါ...ရေးထားတာပါလို့ ပြောပြတာပါ စက်တော်တော်များများမှာ install လုပ်လို့ရပါတယ်...
No comments:
Post a Comment