Blogger Widgets

Thursday, February 21, 2013

ဝင်းဒိုး အိတ်ပီ (Window XP)

ဝင်းဒိုးတင်ပေးရင် လင့်တွေအဖျက်ခံရလို့ ဒီတစ်ခါ ကျွန်တော် မြန်မာလိုပဲ ရေးပြီးတင်ပေးလိုက်တယ်...လင့်မသေသေးရင်တော့ ယူလို့ရမှာပေါ့...
အခုတင်ပေးမှာက ဝင်းဒိုး အိတ်ပီ ပါ...ပရော်ဖက်ရှင်နယ် ဆားဗစ် ပက် သရီး လေးပေါ့...ဘလက် အက်ဒီးရှင်း လို့လည်းဆိုထားသေးတယ်ဗျ...
ဝင်းဒိုးအတွက် Serial Key ကိုလည်းဒေါင်းလုပ်ထဲမှာ ထည့်ပေးထားပါတယ်...တစ်ဖိုင်ထဲဆွဲရမှာပါ...Dropbox ကနေ 604MB ရှိပါတယ်..
ကျွန်တော်ပေးထားတာက iso ဖိုင်ပဲနော်...အဲဒါလေးကို အခွေပြန် Burn ရဦးမှာနော်...CD ခွေနဲ့လည်း Burn လို့ရပါတယ်...604MB ပဲရှိတယ်ဆိုတော့လေ...
အဆင်ပြေကြမှာပါ...အခွေ Burn ဖို့ Software ကတော့ ကျွန်တော့် Blog ထဲမှာပဲရှိပါတယ်...ရှာကြည့်လိုက်ပါနော်...
ဝင်းဒိုးကိုယူချင်ရင်တော့ ဒီ "ဝင်းဒိုးယူမယ်" ဆိုတဲ့စာသားလေးကို နှိပ်လိုက်ပါ...Dropbox ကနေ ဒေါင်းလုပ်ကျလာပါလိမ့်မယ်...ဒေါင်းလုပ်ကိုပဲနှိပ်လိုက်ပေါ့...
လင့်ဖျက်မှာစိုးလို့ ပုံတွေဘာတွေ မပြတော့ဘူးနော်...စော်လန်းလန်းလေး တစ်ဗွေပုံပဲတင်ပေးထားတယ်...ဟဲဟဲ....လိုင်စင်ကီးက အဆင်မပြေဘူးဆိုရင် ကျွန်တော့် ဘလော့ထဲမှာပဲ ဝင်းဒိုး Activator တင်ပေးထားတယ်နော်...လိုက်ရှာကြည့်လိုက်ပါ...သူကအားလုံးနဲ့ အဆင်ပြေမှာပါ...
>>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

Mavis Typing 10

ကွန်ပျူတာလက်ကွက်ကို ပုံလေးတွေ ဂိမ်းလေးတွေနဲ့ လေ့ကျင့်ကြတာကိုတွေ့ဖူးကြမှာပေါ့နော်....ဟုတ်ပါတယ်...
ဒီတစ်ခါတင်ပေးမှာက Typing Software လေးပါ...ဘာ Serial , Keygen မှမလိုပါဘူး... Install လုပ်ပြီး Restart ချလိုက်ရုံပါပဲ...
အင်တာနက်ချိတ်နိုင်ရင်တော့ သူကနေတဆင့် တခြား Free Typing Software တွေကိုထပ်ယူလို့ရသေးတယ်ဗျ...
အခုပေးထားတဲ့ထဲမှာ Game လေးတွေနဲ့ Typing ကျင့်နည်းလေးတွေလည်းပါပါတယ်...ကောင်းပါတယ်လို့ပြောလို့ရတယ်ဗျ...
ဒီဆော့ဝဲလ်လေးနဲ့သာလေ့ကျင်ရင် တကယ့်ကို စနစ်တကျ ကွန်ပျူတာလက်ကွက်တွေကို ရိုက်တက်လာမှာပါ...ဘာလို့လဲဆိုတော့ သူကဘယ်ခလုပ်ကို၊ ဘယ်လက်နဲ့ရိုက်ရမယ်ဆိုတာပါ သေသေချာချာပြထားတာကိုး....
ဒီလိုဆော့ဝဲလ်လေးတွေရှိတော့ ကောင်းတာပေါ့ဗျာ...ဟာသတစ်ခုပြောပြမယ်...ကျွန်တော်ဆို ကွန်ပျူတာကို စသင်တုန်းက လက်တစ်ချောင်းထဲနဲ့ ရိုက်ဖူးတယ်...အဲလိုမှ ပိုမြန်တယ်ထင်ခဲ့တာကိုး...
အားမရတာပေါ့...အကျိုးဆက်ကတော့ အခုထိလက်ကွက်ကို စနစ်တကျ ကိုင်မရတော့တာပါပဲ...စွဲသွားပြီကိုး....အကျင့်ဖြစ်သွားရင် ပြင်ရခက်ပါတယ်...
ကွန်ပျူတာကို စသင်တဲ့သူတွေ ဒီလို Software မျိုးလေးတွေနဲ့ စနစ်တကျ လေ့ကျင့်သင့်ပါတယ်...ဒါမှ နောက်ပိုင်း Smart ကျမှာ...ဟဲဟဲ...
လိုချင်ရင် ဒီမှာ ယူလိုက်ပါဗျာ...ဒေါင်း Password တောင်းခဲ့ရင် etchan1990 ကိုရိုက်ထည့်ပေးပါ...Dropbox ကနေပဲတင်ပေးထားပါတယ်...
MINIMUM SYSTEM REQUIREMENT
Windows 95/98 or Windows NT 4.0 *(SP4 installed)
Pentium 90 Mhz or faster
16 MB of RAM for Windows 95/98
32 MB of RAM for Windows-NT 4.0
70 MB free hard disk space (Compact installation - CD required to run)
170 MB of hard disk space (Typical installation - CD required to run)
SVGA video card, 1Mb VRAM, Direct X Compliant
16-bit Sound Card, DirectSound Compliant
2X CD-ROM drive
ဒါကတော့ ဒီ Software သွင်းဖို့မိမိစက်မှာ ရှိရမဲ့ လိုအပ်ချက်လေးတွေပါ...ရေးထားတာပါလို့ ပြောပြတာပါ စက်တော်တော်များများမှာ install လုပ်လို့ရပါတယ်...
>>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

Window XP တွင် Auto Run ပိတ်နည်း (Auto Run Virus ကိုကာကွယ်နိုင်ရန်)

ကျွန်တော်တို့ကွန်ပျူတာတွေထဲကို Virus တွေနည်းအမျိုးမျိုးနဲ့ ဝင်ဝင်လာကြပါတယ်...အများဆုံး ဝင်ရောက်နိုင်တာကတော့ USB Flash Drive လိုပစ္စည်းမျိုးတွေ၊ Auto Run ပါတဲ့ Software ခွေတွေဆီကနေ ဝင်ရောက်လာကြတာပါပဲ...ဘာလို့လဲ ဆိုတော့ USB,CD,DVD တို့ထဲမှာပါတဲ့ autorun.inf ဆိုတဲ့ File လေးကြောင့်ပါပဲ...USB တိုင်း၊CD,DVD တိုင်းမှာ ပါတယ်လို့ပြောတာ မဟုတ်ဘူးနော်...ဆိုကြပါဆို့ USB တစ်ခုမှာ Virus တစ်ခုရှိနေတယ်...အဲဒီ USB မှာလည်း autorun.inf ဆိုတဲ့ File လေးကလည်းရှိနေတယ်...ကိုယ်က အဲဒီ USB ထဲက ဖိုင်တစ်ခုကို ယူဖို့ အဲဒီ USB ကို ကိုယ့်စက်မှာ တပ်လိုက်ပြီ ဆိုပါဆို့...မိမိစက်ထဲမှာ Auto Run ကိုပိတ်မထားရင် autorun.inf ဆိုတဲ့ File လေးက အဲဒီ USB ထဲကဖိုင်တွေအကုန်ကို Auto Play နိုင်ဖို့ ဖတ်လိုက်ပါလိမ့်မယ်...ဒါဆိုရင် ခုနက အဲဒီ USB ထဲက Virus လေးဟာ ကိုယ်ကသွားမဖွင့်ရပါပဲ ကိုယ့်စက်ထဲရောက်သွားရပါလေရောဗျာ...ဒီနေရာမှာ တစ်ခုပြောချင်တာက တစ်ချို့ Virus တွေဟာ USB ထဲမှာရှိနေပေမယ့် ကိုယ်က အဲဒီ ဖိုင်ကို သွားမဖွင့်မိရင် ကိုယ့်စက်ထဲကို မဝင်နိုင်ပါဘူး...တချို့ Virus တွေကတော့ သွားမဖွင့်လည်း ဝင်နိုင်ပါတယ်...အဲလို Virus မျိုးကတော့ Auto Run ပိတ်ထားရုံနဲ့ မရပါဘူး...ကိုယ့်စက်ထဲမှာ Anit Virus တစ်ခုခုရှိနေမှ ကာကွယ်ပေးနိုင်မှာပါနော်...ကဲ အခု autorun.inf ဆိုတဲ့ File လေးကြောင့် မိမိစက်ထဲကို Virus မဝင်ရအောင် ပိတ်တဲ့နည်းကိုပြောပြပါမယ်...ဒါဆိုရင်တော့ ကိုယ်သွားဖွင့်မှ ဝင်လာနိုင်မဲ့ Virus တွေရန်ကိုတော့ ကာကွယ်နိုင်မှာနော်...Window 7 မှာတော့ လွယ်လို့ မပြောပြတော့ပါဘူး...အခုပြောပြမှကြ Window XP အတွက်ပါပဲနော်....
  • Window XP ရဲ့  Start Menu ထဲက Run ကို ဖွင့်လိုက်ပါ...

    • Run Boxလေးပေါ်လာရင် Box ထဲမှာ gpedit.msc လို့ရိုက်ပြီး OK ကိုနှိပ်လိုက်ပါ...  

    • အောက်မှာ ပြထားသလို Group Policy Box ပေါ်လာရင် User Configuration ထဲက Adminstrative Templates ထဲက System ထဲက Turn Off Autoplay ပေါ်မှာ Double Click နှိပ်ပါ(Turn Off Autoplay ကိုဖွင့်ခိုင်းတာနော် အောက်ကပုံမှာ 1.2.3. ဆိုပြီးအစဉ်အတိုင်းသွားနိုင်အောင်ပြထားပါတယ်...)
    • Turn Off Autoplay Properties Box ပေါ်လာရင် Setting ထဲက Enabled မှာ Mouse နဲ့အမှတ်ပေးလိုက်ပါ...Turn Off Autoplay on: ဘေးက Box ထဲကနေ All Drives ကိုရွေးပါ...ပြီးရင်တော့ OK နှိပ်လိုက်ပေါ့...
    • ဒါဆိုရင် မိမိစက်မှာ ဘာ Drive ပဲတပ်တပ် Auto Play တက်မလာတော့ပါဘူး...Auto Play ပဲမတက်လာတာနော် USB တို့ ၊CD,DVD တို့ထည့်လိုက်ရင် သူ့ Drive နေရာမှာတော့ ပေါ်နေမှာပါ(ဥပမာ..Removeable Disk(G:),Floppy (A:),DVD-RAM Drive (F:) တို့ပေါ့)...ကိုယ်က အဲဒီမှာ သွားဖွင့်ပြီး သုံးလို့ရပါတယ်...
      တကယ်လို့များ ကိုယ်က Auto Play ကို ပိတ်မထားချင်ဘူးဆိုရင် အနည်းအကျင်းလောက်တော့လုံခြုံမှုရှိမဲ့ နည်းတစ်ခုရှိပါတယ်...အဲဒါကတော့ My Computer ကိုဖွင့်လိုက်ပါ.. ကိုယ်ဖွင့်ချင်တဲ့ Drive နာမည်ကို Address Bar ပေါ်မှာရိုက်ပြီး Enter နှိပ်၊ ဖွင့်တဲ့နည်းပါပဲ...အောက်မှာ နမူနာပုံပြထားပါတယ်...
    ဒါဆိုရင်တော့ Window XP မှာ Auto Run ပိတ်နည်းနဲ့ Auto Run ဘာကြောင့်ပိတ်သင့်လဲဆိုတာ သိကြပြီ ထင်ပါတယ်...
                                                                                   ချမ်းပြည့် http://etchan1990.blogspot.com
    >>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

    Wednesday, February 20, 2013

    Photoshop အသုံးပြုနည်းများ (မြန်မာ စာအုပ်များ) PDF File

    Adobe Photoshop ကို လက်တွေ့သုံးတတ်ချင်သူတွေရှိကြမှာပါ...အခု Photoshop နဲ့ပတ်သတ်တဲ့ စာအုပ် 14 အုပ်ကိုကျွန်တော်တင်ပေးလိုက်ပါတယ်...
    စာအုပ်တွေ အားလုံးပဲ အတော်ကောင်းပါတယ်...လက်တွေ့လေ့ကျင့်ခန်းစာအုပ်တွေလည်း ပါပါတယ်...ကျွန်တော့်မှာ ရှိသလောက်နဲ့ ရှာလို့ရသမျှပေါ့...
    Photoshop စာအုပ်ရှာဖို့ အခက်အခဲ ဖြစ်နေသူတွေအတွက် စုပြီးပြန်တင်ပေးလိုက်တာပါပဲ...အားလုံး 14 အုပ်၊ 64.5 MB ရှိတယ်...RAR နဲ့ပဲတင်ပေးထားတယ်...
    လိုချင်ရင် ဒီမှာ ယူလိုက်ကြပါဗျာ...ဒေါင်းတဲ့ Password ကတော့ etchan1990 ပါပဲ...အကုန်လုံး မြန်မာလို ရေးထားတဲ့ စာအုပ်တွေပါပဲ...
    လေ့လာရင် အကျိုးရှိနိုင်ပါတယ်...Photoshop သမားတွေအတွက် အသုံးဝင်မဲ့ စာအုပ်ကောင်းလေးတွေပါပဲ...
    >>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

    Xilisoft Video Converter v2.1.50.714

    ဗီဒီယိုဖိုင်တွေကို Format ပြောင်းဖို့၊ ဖြတ်တောက်ပစ်ဖို့ အတွက် ဒီ Xilisoft Software လေးကအသုံးဝင်မှာပါ...
    Video Converter Software တွေထဲမှာ သူလည်းနာမည်ရတဲ့ Software လေးပါပဲ...လိုချင်ရင် ဒီမှာ ယူလိုက်ပါ....
    အမြဲသုံးနိုင်အောင် Serial Key ထည့်ပေးထားပါတယ်...Serial Key မထည့်တတ်ဘူးဆိုရင်...
    Software ကိုဖွင့်ပြီး ဗီဒီယို ဖိုင်တစ်ခုလောက်ကို အရင် စမ်းပြောင်းကြည့်လိုက်ပါ...ဒါဆိုရင် လိုင်စင်တောင်းတဲ့ Box လေးပေါ်လာပါလိမ့်မယ်...
    အဲဒီ Box လေးထဲမှာ ဒေါင်းလို့ရလာတဲ့ထဲက  Name နဲ့ Serial Key ကိုထည့်ပေးပြီး OK နှိပ်လိုက်ရုံပဲပေါ့...အဆင်ပြေမှာပါ...
    Download Password ကတော့ etchan1990 ပါပဲနော်....
    >>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>