Blogger Widgets

Thursday, February 14, 2013

Download လုပ်ထားတဲ့ RAR ဖိုင်များအားလုံးကို တစ်ခုတည်းဖြစ်အောင် ပြန်ပေါင်းနည်း

တချို့ဒေါင်းလုပ်တွေဟာ အကြောင်းအမျိုးမျိုးကြောင့် အပိုင်းတွေခွဲပြီး တင်ပေးထားကြရပါတယ်...(Part 1,Part 2,Part 3,...) တို့၊ A,B,C စသဖြင့်ပေါ့ဗျာ...
အဲဒီလိုဒေါင်းလုပ်မျိုးတွေ တွေ့ရတဲ့အခါ ကိုယ်ကလည်းလိုချင်လို့ ဆွဲတော့ဆွဲလိုက်ပါရဲ့ (Part 1,Part 2,Part 3,...) လည်းရလာပါရဲ့...
အဲဒီ RAR ဖိုင်လေးတွေကိုဖြည်တဲ့အခါမှာ နည်းနည်းပြသနာတက်လာပါရော...သိရင်တအားလွယ်ပေမယ့်၊ မသိရင်အတော်ဒုက္ခရောက်ပါတယ်ဗျာ...
အဲဒီ RAR လေးတွေကသာမန် RAR လေးတွေလို Extract လုပ်လို့မရဘူးဗျ...လုပ်နည်းကိုပြောပြမယ်...တအားလွယ်ပါတယ်...

  •  ကိုယ့်စိတ်ကြိုက် နေရာတစ်ခုမှာ New Folder တစ်ခုဆောက်လိုက်ပါ...
  

  • အဲဒီ ဒေါင်းထားတဲ့ (Part 1,Part 2,Part 3,...)RAR ဖိုင်အားလုံးကို ခုနကဆောက်ထားတဲ့ New Folder ထဲကိုကော်ပီယူပြီးထည့်လိုက်ပါ...

  • RAR (Part 1,Part 2,Part 3,...) အကုန် New Folder ထဲရောက်သွားပြီဆိုရင်တော့ အပေါ်ဆုံးက Part 1 ပေါ်ကို Right Click ထောက်လိုက်ပါ...
    အပေါ်ဆုံးပြောပေမယ့် အပေါ်ဆုံးဖြစ်ချင်မှဖြစ်နေမှာနော်...ဆိုလိုချင်တာက (Part 1,Part 2,Part 3,...) ရှိရင် ထိပ်ဆုံး RAR Part 1 ပေါ်ကိုပြောတာ...
    A,B,C,D,...ရယ်လို့ပေးထားရင် ထိပ်ဆုံး A ကိုပြောတာပါနော်...ပြီးရင် Extract Here ဖြစ်ဖြစ်၊ Extract Files ဖြစ်ဖြစ် နှိပ်လိုက်ရုံပါပဲ...
    အောက်က Part 2,Part 3,Part 4,...တို့ကို Extract လုပ်စရာမလိုပါဘူး...သူ့ဟာသူအားလုံးပေါင်းပြီး Extract လုပ်သွားပါလိမ့်မယ်...တအားလွယ်ပါတယ်...

 
အားလုံးအဆင်ပြေကြမှာပါ...ကျွန်တော်လည်း ဒီနည်းလေးကို မသိသေးခင်ကအတော်လေးဒုက္ခရောက်ရတယ်ဗျ...
သိသွားတော့လည်းလွယ်လွယ်လေးပါပဲဗျာ...နော်...

ချမ်းပြည့် (http://etchan1990.blogspot.com)

No comments:

Post a Comment