Blogger Widgets

Thursday, February 21, 2013

Window XP တွင် Auto Run ပိတ်နည်း (Auto Run Virus ကိုကာကွယ်နိုင်ရန်)

ကျွန်တော်တို့ကွန်ပျူတာတွေထဲကို Virus တွေနည်းအမျိုးမျိုးနဲ့ ဝင်ဝင်လာကြပါတယ်...အများဆုံး ဝင်ရောက်နိုင်တာကတော့ USB Flash Drive လိုပစ္စည်းမျိုးတွေ၊ Auto Run ပါတဲ့ Software ခွေတွေဆီကနေ ဝင်ရောက်လာကြတာပါပဲ...ဘာလို့လဲ ဆိုတော့ USB,CD,DVD တို့ထဲမှာပါတဲ့ autorun.inf ဆိုတဲ့ File လေးကြောင့်ပါပဲ...USB တိုင်း၊CD,DVD တိုင်းမှာ ပါတယ်လို့ပြောတာ မဟုတ်ဘူးနော်...ဆိုကြပါဆို့ USB တစ်ခုမှာ Virus တစ်ခုရှိနေတယ်...အဲဒီ USB မှာလည်း autorun.inf ဆိုတဲ့ File လေးကလည်းရှိနေတယ်...ကိုယ်က အဲဒီ USB ထဲက ဖိုင်တစ်ခုကို ယူဖို့ အဲဒီ USB ကို ကိုယ့်စက်မှာ တပ်လိုက်ပြီ ဆိုပါဆို့...မိမိစက်ထဲမှာ Auto Run ကိုပိတ်မထားရင် autorun.inf ဆိုတဲ့ File လေးက အဲဒီ USB ထဲကဖိုင်တွေအကုန်ကို Auto Play နိုင်ဖို့ ဖတ်လိုက်ပါလိမ့်မယ်...ဒါဆိုရင် ခုနက အဲဒီ USB ထဲက Virus လေးဟာ ကိုယ်ကသွားမဖွင့်ရပါပဲ ကိုယ့်စက်ထဲရောက်သွားရပါလေရောဗျာ...ဒီနေရာမှာ တစ်ခုပြောချင်တာက တစ်ချို့ Virus တွေဟာ USB ထဲမှာရှိနေပေမယ့် ကိုယ်က အဲဒီ ဖိုင်ကို သွားမဖွင့်မိရင် ကိုယ့်စက်ထဲကို မဝင်နိုင်ပါဘူး...တချို့ Virus တွေကတော့ သွားမဖွင့်လည်း ဝင်နိုင်ပါတယ်...အဲလို Virus မျိုးကတော့ Auto Run ပိတ်ထားရုံနဲ့ မရပါဘူး...ကိုယ့်စက်ထဲမှာ Anit Virus တစ်ခုခုရှိနေမှ ကာကွယ်ပေးနိုင်မှာပါနော်...ကဲ အခု autorun.inf ဆိုတဲ့ File လေးကြောင့် မိမိစက်ထဲကို Virus မဝင်ရအောင် ပိတ်တဲ့နည်းကိုပြောပြပါမယ်...ဒါဆိုရင်တော့ ကိုယ်သွားဖွင့်မှ ဝင်လာနိုင်မဲ့ Virus တွေရန်ကိုတော့ ကာကွယ်နိုင်မှာနော်...Window 7 မှာတော့ လွယ်လို့ မပြောပြတော့ပါဘူး...အခုပြောပြမှကြ Window XP အတွက်ပါပဲနော်....
  • Window XP ရဲ့  Start Menu ထဲက Run ကို ဖွင့်လိုက်ပါ...

    • Run Boxလေးပေါ်လာရင် Box ထဲမှာ gpedit.msc လို့ရိုက်ပြီး OK ကိုနှိပ်လိုက်ပါ...  

    • အောက်မှာ ပြထားသလို Group Policy Box ပေါ်လာရင် User Configuration ထဲက Adminstrative Templates ထဲက System ထဲက Turn Off Autoplay ပေါ်မှာ Double Click နှိပ်ပါ(Turn Off Autoplay ကိုဖွင့်ခိုင်းတာနော် အောက်ကပုံမှာ 1.2.3. ဆိုပြီးအစဉ်အတိုင်းသွားနိုင်အောင်ပြထားပါတယ်...)
    • Turn Off Autoplay Properties Box ပေါ်လာရင် Setting ထဲက Enabled မှာ Mouse နဲ့အမှတ်ပေးလိုက်ပါ...Turn Off Autoplay on: ဘေးက Box ထဲကနေ All Drives ကိုရွေးပါ...ပြီးရင်တော့ OK နှိပ်လိုက်ပေါ့...
    • ဒါဆိုရင် မိမိစက်မှာ ဘာ Drive ပဲတပ်တပ် Auto Play တက်မလာတော့ပါဘူး...Auto Play ပဲမတက်လာတာနော် USB တို့ ၊CD,DVD တို့ထည့်လိုက်ရင် သူ့ Drive နေရာမှာတော့ ပေါ်နေမှာပါ(ဥပမာ..Removeable Disk(G:),Floppy (A:),DVD-RAM Drive (F:) တို့ပေါ့)...ကိုယ်က အဲဒီမှာ သွားဖွင့်ပြီး သုံးလို့ရပါတယ်...
      တကယ်လို့များ ကိုယ်က Auto Play ကို ပိတ်မထားချင်ဘူးဆိုရင် အနည်းအကျင်းလောက်တော့လုံခြုံမှုရှိမဲ့ နည်းတစ်ခုရှိပါတယ်...အဲဒါကတော့ My Computer ကိုဖွင့်လိုက်ပါ.. ကိုယ်ဖွင့်ချင်တဲ့ Drive နာမည်ကို Address Bar ပေါ်မှာရိုက်ပြီး Enter နှိပ်၊ ဖွင့်တဲ့နည်းပါပဲ...အောက်မှာ နမူနာပုံပြထားပါတယ်...
    ဒါဆိုရင်တော့ Window XP မှာ Auto Run ပိတ်နည်းနဲ့ Auto Run ဘာကြောင့်ပိတ်သင့်လဲဆိုတာ သိကြပြီ ထင်ပါတယ်...
                                                                                   ချမ်းပြည့် http://etchan1990.blogspot.com

    No comments:

    Post a Comment