Blogger Widgets

Sunday, February 24, 2013

Insaniquarium Game

PC ဂိမ်းလေးပါပဲ...ငါးမွေးတဲ့ ဂိမ်းလေးပေါ့...ကျွန်တော် တအားသဘောကျခဲ့တဲ့ ဂိမ်းလေးပါဗျာ....လိုချင်ရင် ဒီမှာ ယူသွားလို့ ရပါတယ်နော်...
ဒေါင်း Password ကတော့ etchan1990 ပါပဲ...Portable လေးပါ...Install လုပ်စရာမလိုပဲ ရလာတဲ့ RAR လေးထဲက File တွေအကုန်လုံးကို Folder တစ်ခုဆောက်ပြီး Extract လုပ်ထည့်လိုက်ပါ...အဲဒီ Folder ကိုတော့ ကြိုက်တဲ့နေရာမှာ သိမ်းပေါ့...အဲဒီထဲက Insaniquarium.exe ဖိုင်လေးကို Desktop ပေါ်ကို Shortcut ယူပြီး ဖွင့်ကစားရုံပါပဲ...တချို့ Portable ဆိုတာကို မသိသေးသူတွေအတွက်ပါ....ဂိမ်လေးအကြောင်းပြောပြမယ်...ဒီဂိမ်းလေးက ငါးလေးတွေမွေးတဲ့ဂိမ်းလေးပါ...အစဆုံး ငါးလေးတစ်ကောင်ပဲ ပေးထားပြီး အဲဒီငါးလေးကို အစာကျွေးရတယ်....ငါးလေးက အကောင်ကြီးလာရင် ငွေ၊ရွှေ၊စိန် အဆင့်ဆင့် ပေးတယ်...ကိုယ်က အဲဒီ ပိုက်ဆံတွေကိုလည်း လိုက်ကောက်ရမယ်...ဒါမှ ငါးအစာတို့ ငါးတို့ ထပ်ဝယ်နိုင်မယ်လေ...မိနစ်နဲ့ ငါးတွေကိုဖျက်ဆီးမဲ့ ရန်သူလာတယ်...သူ့ကိုလည်း ပြန်တိုက်ခိုက်ရတယ်...ငါးလေးတွေကို ကာကွယ်ဖို့ပေါ့...နောက်ဆုံး ပိုက်ဆံပြည့်ရင် အပေါ်ဆုံး ညာဘက်ထောင့်နားက ဥ ကိုသုံးခါ ဝယ်ရတယ်...ဒါမှ တစ်ခန်းအောင်တယ်...အဲဒီဥ က အခန်းအဆင့်အလိုက် ဈေးကြီးသွားတယ်...ဥ ကဒီဘက်အကွက်တွေက ငါးတွေကို အစဉ်အတိုင်းမဝယ်ရင် ပေါ်မှာ မဟုတ်သေးပါဘူးနော်...အဲဒီဥလေးရရင် ကိုယ့်ကို ကူညီမဲ့ကောင်လေး တစ်ကောင်ရတယ်...တစ်ခန်းကို ကူညီတဲ့ အကောင်လေး သုံးကောင် ခေါ်ထားခွင့်ရှိတယ်...ရန်သူတိုက်ခိုက်ဖို့၊အစာကျွေးဖို့၊ ပိုက်ဆံပေးဖို့ အကောင်တွေကတော့ သူ့လုပ်ဆောင်ချက်နဲ့သူ အမျိုးမျိုးပါပဲ...ဒီအကောင်တွေက တစ်ခန်းအောင်မှ တစ်ကောင်ရတာနော်...ခုနပြောတဲ့ ဥ ကပေါက်လာမှာ...ဒီလောက်ပါပဲ ဆော့ကြည့်ပေါ့...ပျော်စရာကောင်းပါတယ်...ဂိမ်းတစ်ခုလုံးက Mouse နဲ့ပဲဆော့ရတာဆိုတော့ Mouse တော့ကောင်းရမယ်နော်...ဒီဂိမ်းဆော့ပြီးရင်တော့ Mouse တော်တော်နိုင်သွားမယ်ထင်တယ်...ဟဲ...ဟဲ....

No comments:

Post a Comment